ဒီနေ့ ပြောပြမှာက Windows တွေမှာဖြစ်တတ်တဲ့ blue screen,boot မတတ်ခြင်း နဲ့ စက်ဟန်းသွားတာ
တွေရဲ့ အဓိက ဖြစ်နိုင်ခြေများတဲ့ အကြောင်းရင် ၁၀ချက် ကို ပြောပြမှာပါ။Windows Crash ဖြစ်ရခြင်းက Windows ရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ပါဘူး။Windows က လူတော်တော်များများအတွက် Stable ဖြစ်ပါတယ်။တကယ်လို့ သင့်ရဲ့ PC ဟာမကြာခဏ ဖြစ်နေတယ်ဆိုရင် အောက်မှာဖေါ်ပြထားတဲ့ အကြောင်းတွေထဲက တစ်ခုခုဖြစ်နိုင်တယ် လို့ယုံကြည်ပါတယ်။
Motherboard (သို့) Memory မကောင်းခြင်း
Windows တွေ crash ဖြစ်တဲ့ အခါတိုင်းမှာ အများအားဖြင့် Blue Screen Of Death (BSOD) ပေါ်လာတဲ့ အခါတိုင်းမှာ Motherboard (သို့) Memory မကောင်းခြင်း ကြောင့်ဖြစ်တာပိုများပါတယ်။ အခြေခံအားဖြင့်
ဒီ Error ဖြစ်တာ က Memory ထဲမှာသိုလှောင်ထားတဲ့ data တွေကိုပြန်မယူနိုင်လို့ပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ Memory ကောင်းလားမကောင်း စမ်းသပ်ချင်ရင် Memtest86 လို utility နဲ့စမ်းသပ်လို့ရသလို
Motherboard နဲ့ အတူတွဲပါတဲ့ diagnostic tool နဲ့ စမ်းသပ်လို့ရပါတယ်။(Motherboard manual ထဲမှာကြည့်ကြည့်ပါ။)နောက်တစ်နည်း က ကိုယ့်ရဲ့ Memory ကို တစ်ခြားကောင်းတဲ့ memory နဲ့ ပြောင်းတတ်ကြည့်ပါ။အဖြေကို ရှင်းရှင်းလင်းလင်းသိရပါလိမ်မယ်။
BIOS Setting
Mohterboard မှာပါတဲ့ Setting တွေဟာ စက်ရုံကနေ လာကတဲက အကြမ်းအားဖြစ် ကိုက်ညီကြပါတယ်။
နောက်ပိုင်း ကြမှ PC Builder တွေ, Company တွေက ပြောင်းကြပါတယ်။ဒါပေမယ့် ပြောင်းလိုက်လည်း စက်ရုံက Setting တွေကDefault အနေနဲ့ရှိနေအုံးမှာပဲ။ တကယ်လို့ CMOS ကို power ပေးတဲ့ Battery ကပျက်သွားရင် ဒါမှမဟုတ် တစ်ခြားအကြောင်းရာ တစ်ခုခုကြောင့်ပဲ ဖြစ်ဖြစ် ဖြစ်သွားရင် Default Setting ကိုပြောင်းသွားမှာ ပါ။အဲ့အခါ ကြရင် boot order တွေပြောင်းသွားမယ် (သို့) အမျိုးမျိုးသော componets တွေ conflit ဖြစ်သွားပါလိမ့်မယ်။
Boot မတတ်ရခြင်း အကြောင်းရင် နောက်တစ်ခုက boot order တွေထားတာ မှားတာကြောင့်ဖြစ်နိုင်ပါ
တယ်။ဥပမာ- First boot device မှာ USB (သို့) CD-Drive တွေကို ထားမိတာတွေဖြစ်ပါတယ်။USB Drive
က PC မှာတတ်ထားမယ် First boot device မှာ USB လို့လည်းထားထားမယ်ဆိုရင် boot တတ်မှာမဟုတ်ပါဘူး။
Corrupt Registry
Windows Registry က Windows ကိုသုံးနေတဲ့အခါ ပြဿနာ တစ်ခုအနေနဲ့တော့မ Run ပါဘူး။ဒါပေမယ့်
ဖြစ်နိုင်တယ်။Registry တစ်ခုခုက corrupt ဖြစ်နေပြီဆိုရင် Windows ကို crash ဖြစ်စေနိုင်သလို boot
မတတ်တော့တာလည်း ဖြစ်နိုင်ပါတယ်။
အဲလိုအခါမျိုးကြရင် computer ကို Safe Mode ထဲဝင် ပြီး Registry ကိုပြင်ပေးတဲ့ software တစ်ခုခုနဲ့ပြင်ပေးလိုက်ရင် ကောင်းသွားမှာပါ။
Driver တွေ မမှန်ခြင်း
Driver တွေက Hardware တွေကို ဘာလုပ်ရမယ်ဆိုတာ ပြောပါတယ်။တကယ်လို့ အဲ့ဒီ့ Driver တွေက ပျက်နေရင် (သို့) မှားနေရင် BSODs အပါအ၀င် တစ်ခြားပြဿနာတွေပါဖြစ်နိုင်ပါတယ်။(ကိုယ့်ရဲ့ Hardware ဘယ်လောက်ကောင်းနေကောင်းနေ)။
ဘာကြောင့် Error ဖြစ်ရတယ်လို့ တိတိကျကျသိရင် သိရင်online မှာသူနဲ့ သက်ဆိုင်တဲ့ Drive တွေရဲ့ update ကို Download လုပ်ပြီးသွင်းပေးကြည့်ပါ။အဆင်ပြေသွားပါလိမ့်မယ်။
Hard Drive ပြဿနာ
Hard Drive ပြဿနာ တစ်ခုခု ဖြစ်နေပြီဆိုရင် Boot တတ်ရတာပြဿနာ ဖြစ်နိုင်ပါတယ်။တကယ်လို့
boot တတ်တဲ့ အခါမှာ Hard Drive ပျောက်နေမယ် ၊ BIOS မှာလည်း configuration လုပ်ထားတာလည်းမှန်နေမယ်ဆိုရင် Hard Drive ကတစ်ခုခုဖြစ်တာလို့ ယူဆနိုင်ပါတယ်။နောက်တစ် မျိုးရှိသေးတယ် တကယ်လို့ ကိုယ်က file တစ်ခုခု ကိုဖွင့်လိုက်တာနဲ့ စက်ကချက်ချင်း ပိတ်သွားတဲ့ ပြဿနာပါ။
ကိုယ့်ရဲ့ Hard Drive ကို "Hard drive tester"လို software မျိုးလေးတွေနဲ့ စမ်းသပ်ကြည့်သင့်ပါတယ်။ဒါမှမဟုတ် ကိုယ့်ရဲ့ Hard Drive တစ်ခြားစက်မှာပြောင်းတတ်ကြည့်သင့်ပါတယ်။
Hardware Conflicts
Windows crash ဖြစ်ရခြင်း အကြောင်း၇င်နောက်တစ်ခု က Hardware ရဲ့ အစိတ်ပိုင်းတစ်ခုကနေ
့Hardware တွေ conflict ဖြစ်နေတယ်လို့ windows ကထင်လို့ရှိရင် Windows Crash ဖြစ်နိုင်ပါတယ်။ဒါက သာမန်ဖြစ်လေ့ဖြစ်ထ ရှိတဲ့ ပြဿနာ တစ်ခုပါ။စက်ကိုလည်း ထိခိုက်စေမူမရှိပါဘူး။Hardware တွေ conflict ဖြစ်လို့ရှိရင် စက်ဟန်းသွားတာနဲ့ BSODs တွေဖြစ်နိုင်ပါတယ်။
Hardware conflict ဖြစ်လားမဖြစ်လားသိချင် ရင် Device Manager ကိုဖွင့်လိုက်ပါ။Hardware conflict
ဖြစ်နေတယ်ဆိုရင် အ၀ါရောင်နဲ့ အနက်ရောင် icon တွေ့ရမှာပါ။ဒါပေမယ့် လူတော်တော် များများက အ၀ါရောင်ကို Driver မရှိရင် ပြတယ်လို့ သိကြပါတယ်။ဟုတ်ပါတယ် Driver မရှိရင် လည်းအဲ့လိုပြပါတယ်။Hardware conflict ဖြစ်ရင်လည်း အဲ့လို ပဲပြပါတယ်။
Virus Or Trojan
Virus Or Trojan တွေက PC ကို တော်တော်လေး ဒုက္ခရောက်အောင် လုပ်နိုင်ပါတယ်။၎င်းတို့က Driver တွေကို Remove နဲ့ corrupt လုပ်နိုင်ပြီး System file တွေကိုဖြတ်ပစ်နိုင်ပါတယ်။အဲ့လိုတွေ ဖြစ်လာရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက Crash တွေဖြစ်မယ်၊စက်တွေဟန်းမယ်၊BSODs တွေပါဖြစ်နိုင်ပါတယ်။
အဲ့လိုအခါမျိုးကြရင် သင်ယုံကြည်တဲ့ Antivirus Software တစ်ခုကို Install လုပ်ပြီး ဖြေရှင်နိုင်ပါတယ်။တစ်ခါတလေ ကြရင် virus ကိုantivrus program ကမတွေ့တတ်ပါဘူး။အဲ့ဒီ့အခါကြရင် Antivirus Database ကို update လုပ်ပေးသင့်ပါတယ်။
Power issues
တစ်ချို့ဖြစ် ရပ်တွေမှာဆိုရင် power ကြောင့် windows crash ဖြစ်နိုင်ပါတယ်။power ကြောင့်ဖြစ်လို့ရှိရင်
ပထမဦးဆုံး boot တတ်လိုမရဘူး၊နောက်တစ်ခုက BSODs တွေပေါ်နိုင်ပါတယ်။ဒါကြောင့် မီးအားမှန်မမှန်အရင်စစ်ကြည့်ပါ။
နောက်ထက်ဖြစ်နိုင်ချေတစ်ခုက power supply။ Power Supply မကောင်းရင်လည်း Windows Crash ဖြစ်နိုင်တယ်။ဒါကြောင့် Power Supply ကိုတခြား PC ထည့်စမ်းကြည့်ပါ။
Software
PC မှာ ဖြစ်တဲ့ error တွေတော်တော်များတိုင်း Software ကြောင့်ဖြစ်တယ်ဆိုတာ တော်တော်ရှားပါတယ်။မဖြစ်နိုင်ဘူးလားဆိုတော့ ဖြစ်နိုင်ပါတယ်။ဖြစ်လို့ရှိရင် လည်းအဲ့ဒီ့ Software ကို Run မှ ဖြစ်တတ်တာပါ။ဖြစ်လို့ရှိရင်လည်း စက်ဟန်းသွား ရုံလောက်ပဲဖြစ်ပါတယ်။
နောက်တစ်ခုက boot တတ်တဲ့အချိန်။boot တတ်တဲ့အချိန်မှာ Software က Auto Run နေရင်လည်းဖြစ်
နိုင်ပါတယ်။အဲ့ဒီ့ အခါကျရင် Windows ကို Safe mode ထဲဝင်ပြီး Run box မှာ msconfig ကို run ပြီး
boot တတ်တဲ့အခါ Run တဲ့ software မှန်သမျှကို disable လုပ်လိုက်ပါ။
Overheating
computer အစိတ်အပိုင်းတွေ က လွယ်လွယ်နဲ့ အပူ မြန်တဲ့ အမျိုးအစားတွေဖြစ်ပါတယ်။တအားနဲ့အပူလွန် သွားရင် computer အစိတ်ပိုင်းတွေကို ထိခိုက်စေနိုင်ပါတယ်။ဒါကြောင့် computer တွေကတစ်ခါတစ်လေ
ကျရင် သူတို့သတ်မှတ်ထားတဲ့ အပူချိန်ထက် ကျော်သွားရင် Auto ပိတ်သွားတတ်ပါတယ်။အထူးသဖြင့် Graphic မြင့်တဲ့ Game တွေကစားတဲ့ အခါမှာဖြစ်တဲ့ပါတယ်။
နောက်ထက်ဖြစ်နိုင်တာတွေက reboot တတ်လို့မရဘူး။BSODs တွေပေါ်မယ်။"Beeps" အသံတွေဆက်တိုက်ထွက်ပေါ်နိုင်ပါတယ်။ဒါကြောင့် Computer ကိုမပူအောင်တော့ ဂရုစိုက်ရပါလိမ့်မယ်။
ဒါက Windows Crash ဖြစ်နိုင်ခြေ များတဲ့ အကြောင်းအရာတွေကိုဖေါ်ပြပေးလိုက်တာပါ။နောက်ထက် Windows Crash ဖြစ်နိုင်တဲ့ အကြောင်းအရာတွေအများကြီးရှိပါသေးတယ်။
အားလုံးအဆင်ပြေကြပါစေ။

http://bloggerakm.blogspot.com မှကူးယူဖော်ပြပါသည်။
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...