ကျွန်တော်တို့ ကိုယ်ပိုင် အိုင်ကွန်လေးတွေ ကို ဆော့ဝဲလ်နဲ့ ပြောင်းတာ မဟုတ်ဘဲ ကိုယ်တိုင် ဖန်တီးနည်း ကို ပြောပေးပါမယ် လွယ်ပါတယ် ဒါက ကလေးကလားဆန်တယ် အချိန်ကုန်တယ် ဆိုပေမယ့် သူများလုပ်ပြီးသားဆော့ဝဲလ်မှာ ပြောင်းလိုက်တာထက် ကိုယ်တိုင်ကိုယ်ကျ တစ်ဆင့်စီလုပ်ယူသွားခြင်းအားဖြင့် ဖန်တီးတဲ့ စနစ်ကို ထိုက်သင့်သလောက်နားလည်လာပါမယ် နည်းပညာ တစ်ခု တတ်မြောက်ပါမယ် ဒါက အားသာချက်ပေါ့ အားနဲချက်ကတော့ အချိန်ကုန်တာပေါ့နော် သူများဆော့ဝဲလ်ထဲ ကောက်ထည့် ပြောင်းစေဆိုတာကတော့ မြန်တာပေါ့ ဒါပေမယ့် ကိုယ်လုပ်တာမဟုတ်ဘူးလေ ဆော့ဝဲလ်ကောင်းလို့ ရတာ ဒါကွာသွားတာ ကဲကဲ ခရမ်း စရအောင် လှောင်ရီသံတွေ နောက်မဆုတ် လူစီ.........ဟီး အိုင်စီနားရောက်သွားတာ
ပထမ icon လုပ်ချင်တဲ့ ပုံကို Microsoft Office Picture Manager ဆို တဲ့ ဟာလေးနဲ့  ဖွင့်လိုက်ပါ။
ပြီးရင် Resize ကိုနှိပ်လိုက်ပါ။
ပြီးရင် အဲဒီမှာ Custom width x height လို့ ပါတဲ့ဟာလေးကို ရွေးလိုက်ပါ။
ပြီးရင် အဲဒီမှာ 32 x 43 pixels ကိုရိုက်လိုက်ပါ။
ပြီးရင် Save မှတ်လိုက်ပါ။
့ပြီးရင် File ထဲက Export ဆိုတဲ့နေရာလေးကို သွားလိုက်ပါ။
ပြီးရင် Export with this file format ဆိုတဲ့ အောက်က Window Bitmap(*.bmp) လေးကို ရွေးလိုက်ပါ။
အဲဒါလေးပြီးရင်တော့ "Ok" နှိပ်ပြီးတော့ "Save" ထပ်မှတ်လိုက်ပါ။
ပြီးရင် အဲဒီအိုင်ကွန်လေးရှိတဲ့နေရာ ကိုသွားပြီးတော့ အဲဒီအိုင်ကွန်နောက်မှာ (*.jpg) ကို (*.ico) လို့ ပြောင်းလိုက်ပါ။
ဒါဆိုရင် အခု မိတ်ဆွေများဖန်တီးနေတဲ့ အိုင်ကွန်ဟာ အိုင်ကွန် ချိန်းတဲ့ ကွန်ဗက်တာ မလို ပဲနဲ့ ပြောင်းလို့ ပြီးသွားပြါ

Myanmar Kyat Converter
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...