Ads 468x60px

Pages

Thursday, June 20, 2013

Blogger တိုင်း သိသင့်တဲ့ အချက်များ

Blogger တိုင်း သိသင့်တဲ့ အချက်တွေကို ကျွန်တော် တက်နိုင်သမျှ ကျွန်တော်သိသလောက် လိုအပ်မယ်ထင်တာကို တင်ပြမှာဖြစ်ပါတယ်။
1. ကျွန်တော်တို့ Blog တစ်ခု မပြုလုပ်ခင်မှာ အရင်း မိမိ တင်ပြချင်တဲ့ အကြောင်းအရာကို အရင် စဉ်းစားရပါမည်။ ဘာအကြောင်းတင်ပြချင်တာလဲ တင်ပြချင်တဲ့ အကြောင်းအရာတွေကို ဘယ်ကနေရနိုင်သလဲ ရနိုင်တဲ့နေရာတွေကို အရင် ရှာဖွေထားရပါမည်။ ဒါမှ မိမိတင်ပြချင်တာကို အလွယ်တကူး တင်ပြနိုင်မှာဖြစ်ပါတယ်။

2. Blog Templates ကို ရွေးချယ်တဲ့ အပိုင်းဖြစ်ပါတယ်။ မိမိရေးချင်တဲ့ အကြောင်းအရာနဲ့ လိုက်ဖတ်တဲ့ Templates ဖြစ်ရပါမည်။ Templates စိတ်ကြိုက်ဖြစ်မှ ကျန်တဲ့အပိုင်းကို ဆက်လက်ပြုလုပ်သင့်ပါတယ်။

3. မိမိရွေးချယ်ထားတဲ့ မှုရင်း Templates ထဲက backgroung url တွေကို ကိုယ်ပိုင်း Hosting ပြန်တင်ရပါမည်။ မှုရင်း Templates အတိုင်း ထားမယ်ဆိုရင် အသုံးပြုတဲ့သူများလာရင် Bandwidth နဲ့ ကြုံရမှာ မလွယ်ဖြစ်ပါတယ်။ အဲဒီလို ကြုံရင် ပြန်ပြင်လို့ရပေးမဲ့ စိတ်အနှောက်အယှက်တော့ဖြစ်တာပေါ့။ အလုပ်လဲ ပိုပါတယ်။ ဒါကြောင့် မိမိအသုံးပြုထားတဲ့ Templates ထဲမှ http://******.jpg (http://*******.png) စတဲ့နေရာတွေမှ ပုံတွေကို ကိုယ်ပိုင်း Hosting ပြန်တင်ပါ။ မိမိတင်ထားတဲ့ url တွေကို ၆ လ တစ်ကြိမ်တော့ ပြန်လည် hosting ပြန်တင်ပါ။

4. မိမိရေးထားတဲ့ Blog ကို hack ခံရရင် မိမိရေးထားတဲ့ Post တွေ မရူံးဆုံးရအောင် Export လုပ်ထားရပါမည်။ မိမိရေးထားတာတွေကို Export မလုပ်ထားဘဲ ဒီအတိုင်းဘဲ Microsoft work မှာဘဲ ထည့်ထားမယ်ဆိုရင် တစ်ခုချင်ပြန်တင်နေရပါမည်။ အဲဒီလို မဖြစ်အောင် Setting မှ Basic ထဲမှ Blog Tools မှာ Import Blog, Export Blog, Delete Blog ဆိုတာ တွေ့ရမှာဖြစ်ပါတယ်။ Export Blog ကို click ပြီ Download ချထားလိုက်ပါ။ ပြန်ထည့်မယ်ဆိုရင်လဲ Import Blog ကို click ပြီ ပြန်ထည့်လိုက်ရင် မိမိရဲ့ အရင်းတင်ထားတဲ့ Post တွေကို တင်ပြီသားဖြစ်သွားပါပြီ။ တစ်ပတ်ကို တစ်ကြိမ် Export လုပ်ထားသင့်ပါတယ်။ နောက်တစ်ကြိမ် Export လုပ်ပြီသာနဲ့ အရင် Export ကို ဖျက်ထားလိုက်ပါ။ မရောနှောအောင်လို့ပါ။

5. မိမိ Blog မှ Sidebar မှ Widget တွေကို notepad ထဲမှာ ထည့်ထားဖို့ မမေ့ပါနဲ့ ။ မိမိဆိုဒ် အဘန်းခံရတာမျိုး Passowrd အခိုးခံလိုက်ရတာမျိုးဖြစ်ခဲ့ရင်တောင် မိမိကို ပြုလုပ်တဲ့လူ မျက်စီလည်အောင် မှုလအတိုင်း ပြန်ရှိနေသလိုမျိုး နာရီပိုင်းအတွင်း ပြန်လည် ပြုလုပ်နိုင်ပါတယ်။

6. မိမိ Blog မှာ ကြောငြာ Blog မဖြစ်ဖို့လိုပါတယ်။ လုပ်လို့ရတဲ့ နည်းလမ်းတွေကို အကုန် မထည့်ထားပါနဲ့ ဘာလို့လဲဆိုတော့ မိမိတို့ ဆိုဒ်ကို ဖွင့်တဲ့ လူကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် ရှင်လင်းနေပါစေ။ နက်မကောင်းရင် ဟိုနေရာက မပေါ် ဒီနေရာက မပေါ်ဖြစ်နေပါလိမ့်မည်။

7. မိမိဆိုဒ်ကို အမြဲ updateဖြစ်အောင် တစ်ပတ်ကို တစ်ကြိမ်တော့ အနည်းဆုံး post အသစ် တင်ပေးနိုင်အောင် လုပ်ပါ။ တစ်နေ့ ၀င်ကြည့်လဲ ဒါ နောက်နေ့ဝင်ကြည့်လဲ ဒါဆို မကောင်းပါဘူး။ မိမိ မအားရင်လဲ မအားတာကို တင်ပြထားသင့်ပါတယ်။

8. စာဖတ်သူများရဲ့ တောင်းဆိုမှုကို အလေးထား ပြန်ပေးပါ။

9. စာဖတ်သူများဆီမှ အကြံညဏ်တောင်းပါ။

1 comments:

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ