Ads 468x60px

Pages

Friday, June 7, 2013

Windows 8 မှာ Audio CD Burn နည်း


ဒါကတော့ Computer နဲ့ Windows 8 ကိုစလေ့လာတဲ့ သူတွေအတွက်ဖြစ်ပါတယ်။
ဒါမှမဟုတ် Windows 8 မှာ Audio CD Burn နည်းကို သိချင်သူများ အတွက်ဆိုလည်မမှားနိုင်ပါဘူး။
Windows 8 မှာ Audio CD Burn နည်း ကိုကြည့်ရအောင်။




Audio CD ဘယ်လို Burn မလဲ?

အရင် Windows Version တွေတုံးကလိုပဲ Windows 8 မှာလည်း Windows Media Player Built-in ထည့်ပေးထားပါတယ်။

Windows Media Player ကိုရှာဖို့အတွက် Keyboard ကနေ Windows Key ကိုနှိပ်ပါ။

ပြီးရင် Keyboard ကနေပဲ "Windows Media" လို့ ရိုက်ပြီး အောက်ပုံမှာ ပြထားတဲ့အတိုင်း Apps Search Result မှာ "Windows Media Player" ဆိုပြီး ပေါ်နေပါလိမ့်မယ်။Enter နှိပ်လိုက်ပါ။

Windows Media Player ဖွင့်ပြီးတဲ့နောက် Burn ဆိုတဲ့ Tab ကိုပြောင်းလိုက်ပါ။

သင် Audio CD Burn ချင်တဲ့ သီချင်း file ရှိတဲ့ နေရာကိုဖွင့်လိုက်ပါ။
ပြီးရင် သင်ထည့်ချင်တဲ့ သီချင်း ဖိုင်ကို Drag လုပ်ပြီး Burn List ထဲထည့်ပေးပါ။

သင်ထည့်ချင်တဲ့ သီချင်းတွေထည့်ပြီးသွားရင် "Start Burn" ဆိုတဲ့ Button ကိုနှိပ်ပေးလိုက်ပါ။

Audio CD Burn လို့ပြီးသွားရင် သင့်ရဲ့ CD/DVD ထွက်လာပါလိမ့်မယ်။
အဲ့ဒီ Burn ထားတဲ့ အခွေကိုပဲ ပြန်ထည့်လိုက်ရင် CD ထဲမှာရှိတဲ့ File တွေဟာ CDFS ဆိုတဲ့ Format တွေနဲ့ မြင်တွေ့ရမှာပါ။အဲ့ဒီ့ CDFS Format တွေကို Media Player မရွေးဖွင့်ပေးနိုင်ပါတယ်။

Windows 8 မှာ Audio CD Burn နည်း ဆိုတာ ဒါပါပဲ။

1 comments:

  1. star burn ဆိုတဲ့နေ၇ာလေးကိုနှိပ်လိုက်ရင် အခွေက တန်းပြီးထွက်လာတယ် သီချင်းတွေကို ကူးမရဘူးဖြစ်နေတယ်ကူညီပေးပါနော် thanhtoo88@gmail.com ကိုပြုလုပ်ပုံလေးပြောပြပါနော် အမြဲအားပေးလျှပါ

    ReplyDelete

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ