Ads 468x60px

Pages

Friday, June 7, 2013

USB Stick တွေကို Safety Remove လုပ်ဖို့လို့လား...


USB Deviceတွေကိုဖြုတ်တဲ့အခါမှာ Safely Remove ကိုနှိပ်ပြီးမှထုတ်ရတယ်လို့ကြားဘူးကြပါလိမ့်မယ်။အဲ့ဒီ့ Safely Remove ဆိုတဲ့ Option ကိုမသုံးပဲသင့်ရဲ့ USB Stick ကိုလုံခြုံစိတ်ချစွာ ဖြုတ်နိုင်တဲ့ နောက်ထက် နည်းလမ်းတစ် ခုရှိပါသေးတယ်။Windows ကပြောထားပါတယ် သူ့မှာပါတယ့် Safely Remove နဲ့ပတ်သက်တဲ့ Setting တစ်ချို့ကိုပြောင်းလဲထားမယ်ဆိုရင် Safely Remove ဆိုတဲ့ Option ကိုအသုံးမပြုပဲသင့်ရဲ့ USB Srick ကိုလုံခြုံစိတ်ချစွာဖြုတ်နိုင်တယ် လို့ဆိုထားပါတယ်။





မြန်မြန်ဖြုတ်နိုင်ခြင်း နှင့် စွမ်းဆောင်ရည်ပိုပြီး ကောင်းခြင်း ဘယ်ဟာသင်ရွေးမလဲ ?

Windows ကသင့်ရဲ့ USB Device ကိုမြန်မြန်ဖြုတ်နိုင်အောင် နဲ့စွမ်းဆောင်ရည် ကောင်းအောင်ဆိုပြီး ရွေးချယ်စရာလမ်းနှစ်ခုပေးထားပါတယ်။Windows ရဲ့ Default Setting အနေနဲ့ဆိုရင် Windows က မြန်မြန် USB Stick တွေကို ဖြုတ်နိုင်အောင်အစကတဲက Setting လုပ်ပေးပြီးသားဖြစ်ပါတယ်။အဲ့ဒီ့ Setting ကို - Start Menu ကိုအရင်သွားပါ -ပြီးရင် Device Manager ကို Serach Box မှာရိုက်ထည့်ပေးပါ။ပေါ်လာတဲ့ Device Manger ကို Click ရွေးပေးပါ။

အောက်ပုံမှာပြထားတဲ့ အတိုင်း "Disk Drives" ဆိုတဲ့အပိုင်း ဖြန့်ချလိုက်ပါ။အဲ့ဒီ့မှာ သင့်ရဲ့ USB Stick ကို - Right Click နှိပ်ပြီး - Properties ကိုရွေးပေးပါ။

Properties window ထဲမှာရှိတဲ့ "Policies" ဆိုတဲ့ Tab ကိုရွေးပေးပါ။အဲ့ဒီမှာ Removal Policy ဆိုတဲ့ ခေါင်းစဉ်နဲ့ Quick Removal နဲ့ Better Performance ဆိုပြီး Option နှစ်ခုတွေ့ပါလိမ့်မယ်။Quick Removal ကဘာပြောလည်းဆိုရင် တယ်ကယ်လိုသင် ဟာ Quick Removal ကိုရွေးထားမယ်ဆိုရင် Windows ကသင့်ရဲ့ Device ပေါ်မှာ Cache လုပ်ခြင်းကို Disable လုပ်ပစ်မှာဖြစ်ပါတယ်။ဒါပေမယ် Taskbar မှာရှိတဲ့ Safely Remove Hardware notification icon ကိုမသုံးပဲသင့်ရဲ့ Devie ကိုဒီတိုင်းဆွဲဖြုတ်နိုင်တယ်လို့ဆိုထားပါတယ်။Better Performance ကိုရွေးမယ်ဆိုရင် - Windows က သင့်ရဲ့ USB Device ပေါ်မှာ Cache လုပ်ပေးမှာဖြစ်ပြီး ဒါပေမယ့် ဒီ Option ကိုသုံးရင် Safely Remove Hardware notification icon ကိုသုံးရမယ်လိုဆိုထားပါတယ်။


Data ပျက်စီးမှု အန္တရာယ်


အပေါ်မှာ ပြောထားတဲ့ အတိုင်းဆို Windows ကမှားနေတယ်လို့ ပညာရှင်တချို့က ဆိုကြပါတယ်။တကယ်လို့သင် ဟာ Data တွေကို USB Device ပေါ်မှာ ရေးနေတုံး ဖြုတ်လိုက်မယ်ဆိုရင်
Data ပျက်စီးမှု အန္တရာယ်ရှိနိုင်ပါတယ်။ဥပမာ- သင်ဟာ File တွေကို USB Device တွေမှာ ပြောင်းနေတာပဲ ဖြစ်ဖြစ်၊ File တွေကို USB Device မှာ Save လုပ်နေတာပဲဖြစ်ဖြစ် အဲ့ဒီ့လိုလုပ်နေတဲ့ အချိန်မှာ USB Device ကိုဆွဲဖြုတ်လိုက်မယ်ဆိုရင် သင့် USB Stick မှာရှိတဲ့ Data တွေပျက်နိုင်ပါတယ်။Quick Removal နဲ့ Better Performance ဆိုတဲ့ Option ထဲဘယ်ဟာကိုပဲ သုံးနေသုံးနေ USB ကိုမဖြုတ်ခင် သင့်ရဲ့ USB Device မှာ Data တွေရေးနေလား၊ File တွေပြောင်းနေလဲ ဆိုတာ အရင်သေချာ စစ်ဆေးပြီးမှာ USB Device ကိုဖြုတ်သင့်ပါတယ်။တစ်ချို့ USB Stick တွေမှာဆိုရင် မီးလေးတွေပါ ပါတယ်။သူတို့က USB Sick အလုပ်လုပ်နေတယ်ဆိုရင် အဲ့ဒီမီးက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေတတ်ပါတယ်။

ဒါပေမယ်လည်း ဘာမှ သုံးနေတယ်လို့ မပြရင်တောင်မှာ သင့်ရဲ့ USB Device သုံးကောင်းသုံးနေနိုင်ပါတယ်။ဥပမာ- Program တစ်ခုပေါ့ သူက နောက်ကွယ်ကနေ သင့်ရဲ့ USB Device ပေါ်မှာ Data တွေရေးနေမယ်ဆိုရင် Data ပျက်စီးမှု အန္တရာယ်ရှိနိုင်ပါတယ်။ တကယ်လို့နောက်ကွယ်က နေ Data တွေရေးမနေဘူးဆိုရင် သင်ရဲ့ USB Device ကိုလုံခြုံစိတ်ချစွာ ဖြုတ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် USB Device တွေကိုဖြုတ်တဲ့ အခါတိုင်း Safely Remove Hardware notification icon ကိုသုံးပြီး သင့်ရဲ့ USB Device ကို လုံခြုံစွာ ဖြုတ်သင့်ပါတယ်။ Safely Remove Hardware notification icon ကိုသုံးပြီး ဖြုတ်တဲ့ အခါတိုင်း Windows က သင့်ကို လုံခြုံစွာဖြုတ်လို့ ရပြီလား မရသေးဘူးလားဆိုတာကို ပြောပေးပါတယ်။


USB Device ပေါ်မှာ Cache ရေးခြင်း


တကယ်လို့သင်ဟာ Better Performance ဆိုတဲ့ Option ကိုရွေးခဲမယ်ဆိုရင် Windows ကချက်ချင်း Cache တွေကို USB ပေါ်မှာရေးမယ့်အစား Windows ကိုယ်တိုင်က Cache လုပ်ပေးမှာဖြစ်ပါတယ်။အဲ့ဒီလိုလုပ်ခြင်း အားဖြင့် သင့် USB Device ရဲ့ စွမ်းဆောင်ရည်ကို ပိုပြီး မြန်လာအောင်လုပ်နိုင်မှာဖြစ်ပါတယ်။ဒါပေမယ့်လည်း USB Device ကိုဖြုတ်တဲ့အခါ Safely Remove Hardware ကနေပဲဖြုတ်ရမှာဖြစ်ပါတယ်။မဟုတ်ရင် Data တွေပျက်စီးသွားနိုင်ပါတယ်။နောက်တစ်ခု - သင်ဟာ သင့်ရဲ့ USB Device ပေါ်မှာ Data တွေကို Copy လုပ်နေတယ်ပေါ့၊ Copy လုပ်လို့ပြီးသွားတာနဲ့ Progress Dialogs ပိတ်သွားရင်တောင်မှ သင် Copy တွေကို System က Cache လုပ်ထားတုံးပါပဲ။

သင့်ရဲ့ USB Device ကိုဖြုတ်ပစ်လိုက်မှ သာ System ရဲ့ Disk မှာမှတ်ထားတဲ့ Cache တွေကိုဖျက်ပစ်မှာပါ။

လုံခြုံစိတ်ချစွာ USB Device များကိုဖြုတ်ခြင်း


အပေါ်မှာ ပြောခဲ့တဲ့အတိုင်း Quick Removal နဲ့ Better Performance ထဲဘယ်ဟာကိုပဲသုံးသုံး Safely Remove Hardware icon ကနေပဲဖြုတ်သင့်ပါတယ်။တစ်ချို့ ဆိုရင်သုံးဖို့မေ့နေတတ်ကြပါ (သို့) သုံးကိုမသုံးတဲ့ သူတွေလည်းရှိကြပါတယ်။ဖြုတ်ပုံ ဖြုတ်နည်းကလည်း လူတိုင်းနီးပါးသိကြပါတယ် - အောက်ပုံမှာ ပြထားတဲ့ အတိုင်း USB icon လေးကို Click (သို့) Right Click နှိပ်ပြီး Eject ကိုနှိပ်လိုက်ပါ။ဒုတိယပုံမှာ ပြထားတဲ့ အတိုင်း "Safe To Remove Hardware" ဆိုတဲ့ Message ပေါ်လာရင် ဖြုတ်နိုင်ပါပြီ။ဒီဟာကို Windows မှာပဲလုပ်ရမယ်လို့မဆိုလိုပါဘူး။သင်ဟာ Linux သုံးနေရင်တောင် Eject Option File Manager ထဲမှာရှိပါတယ်။MAC OS လည်းအတူတူပဲ။

အားလုံးအဆင်ပြေကြပါစေ။

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ