ကျွန်တော်စာမရေးဖြစ်တာလဲကြာပါပြီ..။ဒီရက်ပိုင်းမအားတာနဲ့ဆိုဒ်နဲ့ပါတ်သတ်တာလေးတွေကိုဘာမှမလုပ်
ပေးနိုင်သေးဘူးဖြစ်နေတာကိုတော့တောင်းပန်ပါတယ်ခင်ဗျာ..။ဒီနေ့တော့အားလုံးအတွက်အသုံးဝင်မယ်လို့
ထင်တဲ့ပို့ဒ်လေးတစ်ခုရေးချင်ပါတယ်..။ကွန်ပျူတာတစ်လုံးကိုအသုံးပြုတာကြာလာတာနဲ့အမျှကွန်ပျူတာမှာ
ကျွန်တော်တို့တွေအလွယ်တကူမသိနိုင်တဲ့ Error ပေါင်းသောင်းခြောက်ထောင်ကနေရာပေါင်းစုံကနေဖြစ်နေ မှာပါ..။ကျွန်တော်တို့အနေနဲ့အနေအဲ့ဒီလို Error
တွေကိုဖြေရှင်းပြီးတော့ကွန်ပျူတာကိုလက်ရှိသုံးနေတဲ့အနေ
အထားထက်ပိုမိုကောင်းမွန်အောင်လုပ်ဆောင်သင့်တဲ့နည်းလမ်းလေးတွေကိုကျွန်တော်ပြန်ပြီးတော့မျှ
ဝေပေးချင်ပါတယ်..။
Defrag hard disk and registry for fix computer
ကျွန်တော်အခုပြောပြမယ့်နည်းလမ်းလေးတွေကိုတော့အားလုံးလဲသိပြီးသားဖြစ်မှာပါ..။မိမိတို့ကွန်ပျူတာရဲ့
Hard Disk ထဲမှာရှိတဲ့ဖိုင်တွေဟာအသုံးပြုတာကြာလာတာနဲ့အမျှတစ်စုတစ်စည်းထဲမရှိတော့ပဲတစ်ကွဲတစ်
ပြားစီနဲ့ဟိုရောက်ဒီရောက်ကစဥ့်ကလျားဖြစ်နေတက်ပါတယ်..။ဒီလိုအခါမျိုးမှာကျွန်တော်တို့ကမိမိတို့သုံးထား
တဲ့ဖိုင်တစ်ခုကိုလိုချင်တယ်ဆိုရင်ကွန်ပျူတာကအဲ့ဒီကစဥ့်ကလျားဖြစ်နေတဲ့ဖိုင်တွေထဲကလိုချင်တဲ့ဖိုင်ကိုရှာ
ဖွေနေရတဲ့အခါမှာကွန်ပျုတာရဲ့လုပ်ဆောင်ချက်တွေကိုဟာနှေးကွေးနေပါလိမ့်မယ်..။ဒါကြောင့်ကျွန်တော်တို့
အနေနဲ့မိမိတို့လိုချင်တဲ့ဖိုင်လိုချင်တဲ့အခါမှာကွန်ပျူတာအနေနဲ့လျင်မြန်စွာအလုပ်လုပ်နိုင်ဖို့အတွက်ကစဥ့်က
လျားဖြစ်နေတဲ့ဖိုင်တွေကိုစနစ်တကျပြန်ပြီးစီးပေးရပါမယ်..။အဲ့ဒီအတွက်ကျွန်တော်တို့အနေနဲ့ Free အသုံး
ပြုလို့ရတဲ့ Smart Defrag လေးကိုသုံးပြီဆောင်ရွက်နိုင်မှာဖြစ်ပါတယ်..။
Smart Defrag လေးကိုတော့အောက်ကလင့်လေးမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..။
Portable လိုချင်တယ်ဆိုရင်တော့အောက်ကလင့်တွေမှာယူလိုက်ပါ..။
နောက်တစ်ခုကတော့ကျွန်တော်ကွန်ပျူတာမှာ Software တွေကိုတစ်ခုပြီးတစ်ခုဖြုတ်လိုက်တပ်လိုက်အသုံး
ပြုလို့ပဲဖြစ်ဖြစ်ကွန်ပျူတာကိုအသုံးပြုတာကြာလာတာနဲ့အမျှဖြစ်ပေါ်လာတက်တဲ့ Registry Error တွေကို
ပြန်ပြီးတော့ Fix လုပ်ပေးဖို့လိုအပ်ပါတယ်..။အဲ့ဒီအတွက်တော့ Registry Defrag ဆိုတဲ့ကောင်လေးကိုသုံးပြီး
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်..။ဒီကောင်လေးကလဲ Freeware လေးပါပဲ..။
Registry Defrag လေးကိုတော့အောက်ကလင့်လေးမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..။
Disk cleanup utility for fix computer
နောက်တစ်နည်းကတော့ကျွန်တော်တို့ကွန်ပျူတာမှာရှိတဲ့မလိုအပ်တော့တဲ့ဖိုင်အပိုတွေ ၊ temporary ဖိုင်တွေ
အင်တာနက်မှဒေါင်းလော့ချရင်ပဲဖြစ်ဖြစ် ၊ Firefox , Internet Explorer တို့မှာသုံးစွဲပြီးလို့ပဲဖြစ်ဖြစ် Web Address
တွေ Cookies တွေကိုရှင်းပေးဖို့လိုအပ်ပါတယ်..။အဲ့ဒီကောင်တွေကိုရှင်းပေးဖို့အတွက်တော့ Ccleaner လေးကို
အသုံးပြုနိုင်ပါတယ်..။အရမ်းကိုအသုံးဝင်ပါတယ်..။
Ccleaner လေးကိုတော့ဒီအောက်ကလင့်လေးမှာသွားယူလိုက်ပါ..။
Portable လေးလိုချင်တယ်ဆိုရင်တော့ဒီအောက်ကလင့်လေးမှာသွားယူလိုက်ပါ.။အသုံးပြုနည်းပါရှင်းပြထား
ပါတယ်..။
Check disk for fix computer errors
နောက်တစ်တနည်းကတော့ကျွန်တော်တို့ Hard Disk မှာရှိတဲ့ Error တွေ ၊ Bad Sector တွေကိုရှာဖွေပြီး
တော့ Fix လုပ်ပေးဖို့လိုအပ်ပါတယ်..။အဲ့ဒီအတွက်တော့ကျွန်တော်အောက်မှာရှင်းပြထားတဲ့နည်းလမ်းလေး
ကိုအသုံးပြုနိုင်မှာဖြစ်ပါတယ်..။
အရင်ဆုံး My Computer ကိုဖွင့်လိုက်ပါ..။ပြီးရင် Local Disk ( C: ) မှစပြီး Drive တစ်ခုချင်းကို Chack Disk
လုပ်ပေးဖို့လိုအပ်ပါတယ်..။အောက်မှာပုံလေးတွေနဲ့လဲရှင်းပြပေးထားပါတယ်..။
Repair your Start-up or reinstall Windows OS for Fix computer
နောက်တစ်ခုကတော့ကျွန်တော်တို့ကွန်ပျူတာကို Repair လုပ်ဆောင်ပေးမယ့်နည်းလေးဖြစ်ပါတယ်..။
ဒီနည်းလေးကတော့အရမ်းကိုအသုံးဝင်ပါတယ်..။သိလားသိထားသင့်ပါတယ်..။ဘာလို့လဲဆိုတော့ကျွန်
တော်တို့ကွန်ပျူတာတွေမှာအသုံးပြုလာတာနဲ့အမျှဖြစ်ပေါ်လာတက်တဲ့ Error တွေကိုကြီးကြီးမားမား
ဖြစ်တာကလွဲလို့တော်ယုံတန်ယုံဆိုရင်အခုလို Repair လုပ်ပေးလိုက်တာနဲ့အဆင်ပြေသွားမှာဖြစ်ပါတယ်..။
ကျွန်တော် Windows ခွေကိုထည့်စရာမလိုပဲ Repair လုပ်လို့ရမဲ့နည်းလမ်းလေးကိုရှင်းပြပေးသွားပါမယ်..။
1.အရင်ဆုံးကွန်ပျုတာကို Restart ချလိုက်ပါ..။ပြီးရင်ကီးဘုတ်မှ F 8 ကီးကိုနှိပ်ထားလိုက်ပါ..။ဒါဆိုရင်
Advanced Boot Options screen ကိုတွေ့ရပါလိမ့်မယ်..။ပြီးရင် Arrow Key လေးကိုနှိပ်ပြီး Repair
your computer ကိုရွေးလိုက်ပါ..။ပြီးရင် Enter ခေါက်လိုက်ပါ..။ပြီးရင် Repair Computer လိုမျိုးပေါ်
လာရင် Next ပေးလိုက်ပါ..။ပြီးရင် user name and password ထပ်မေးရင် password ခံထားရင်ဖြည့်
ပေးလိုက်ပါ..မခံထားရင်တော့ဖြည့်စရာမလိုပါဘူး..ပြီးရင် Next ထပ်ပေးလိုက်ပါ..။ပြီးရင်နောက်ထပ်
System Recovery Options ဆိုပြီးပေါ်လာပါလိမ့်မယ်..။Startup Repair ကိုရွေးပြီးဆက်လုပ်ပေးလိုက်
ယုံပါပဲ..။Repair လုပ်ပြီးလို့ Finish ပေးပြီးပြီဆိုရင်တော့မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်
ပါ..။
Disable unnecessary windows startup
ပြီးရင်နောက်တစ်ခုကတော Windows တက်လာတဲ့အခါမှာမလိုအပ်တဲ့ Application တွေ Auto ပေါ်မလာ
စေဖို့အတွက်မလိုအပ်တဲ့ Software တွေကို Start Up ကနေပြီး Uncheck လုပ်ပေးလို့ရပါတယ်..။ဘယ်
လိုလုပ်ရမယ်ဆိုတာတော့ကျွန်တော်အောက်မှာပုံလေးတွနဲ့ရှင်းပြပေးထားပါတယ်..။
အရင်ဆုံးကီးဘုတ်မှ Windows + R ကိုနှိပ်ပြီး Run Box ကိုဖွင့်လိုက်ပါ..။ပြီးရင် Run Box ထဲမှာ Msconfig
ဆိုပြီးရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ..။ပြီးရင်ဆက်လုပ်ရမယ့်အဆင့်လေးတွေကိုပုံလေးတွေနဲ့ပြပေးထား
ပါတယ်..။
ဒါကတော့ Windows ကိုလက်ရှိသုံးစွဲနေတာထက်ပိုမိုကောင်းမွန်လာအောင်ပြုလုပ်လို့ရမဲ့နည်းလမ်းလေးတွေ
ကိုသိသဘောပြန်ပြီးမျှဝေပေးလိုက်ပါတယ်..။
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...