Ads 468x60px

Pages

Wednesday, June 19, 2013

အင်တာနက်သုံးသူတိုင်း မသိမဖြစ်သိထားရမည့် key မျုား

Shortcut Key တွေကို သုံးနည်းပါ .. Win+R လေးနှိပ် Run Box လေးထဲမှာ Shortcut လေးရိုက်ထည့်ပြီး ကိုယ် အသုံးပြုချင်တဲ့ Application ကို ဖွင့်တဲ့သူများပါတယ် Shortcut Keyလေးတွေကို တစ်စုတစ်စည်း တည်းပြန်လည် တင်ပြပေးလိုက်ရပါတယ်.. တစ်ခုရှိတာက အသုံးပြုရလွယ်ကူသော အသုံးပြုမှု အများဆုံးသော
Shortcut Key များကိုပဲ ပြောပြသွားမှာဖြစ်ပါတယ်.
အရင်ဦးဆုံး Mozilla ရဲ့  Shortcut တွေနဲ့ စလိုက်ရအောင် ..

1) Alt + Home ကတော့ မိမိ ရဲ့ Browser မှာ home page ထားခဲ့တဲ့ စာမျက်နှာကို အလွယ်တကူ ရောက်စေမှာပါ
2) Alt + Left Arrow ဆိုရင်တော့ Backspace နဲ့ တူတူပဲဖြစ်ပြီး ယခုလက်ရှိ စာမျက်နှာကနေ
အရင် ဖွင့်ထားတဲ့ စာမျက်နှာကို ပြန်လည်ရောက်ရှိသွားမှာပါ
3) Alt + Right Arrow ကတော့ Forward လေးနဲ့ တူပါတယ် ရှေ့ စာမျက်နှာကိုသွားတာပါ
4) Alt + d ဆိုရင်တော့ Mozilla ရဲ့ Address Bar ပေါ်က address မှာ Select မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်.. ( ကျွန်တော်တို့ စာမျက်နှာတစ်ခုခုကို သုံးနေရင်းနဲ့ နောက် တစ်ခုကို
ခေါ်ဖို့ ဖြစ်လာတယ်ဆိုပါဆို့ .. Mouse ကိုင်ပြီး Address Bar ပေါ်မှာ Select မှတ်ရတော့မှာပါ
အဲ့လို လုပ်စရာမလိုတော့ဘူးပေါ့ .. )
5) Ctrl + Enter ဒါလေးကတော့ သိတဲ့သူရှိသလိုလိုနဲ့ မသိတဲ့သူတွေ တော်တော်များပါတယ်. Browser
တော်တော်များများမှာ Support လုပ်တဲ့ ဒီ Shortcut Key လေးကတော့ အားလုံးအတွက် အသုံးဝင်ပါတယ်.. ကျွန်တော်တို့ လိပ်စာ တစ်ခုခုကို သွားမယ်ဆိုကြပါဆို့  ဥပမာ google ပေါ့
အဲ့ဒါဆို အကုန်လုံး www.google.com လို့ ရိုက်ကြမှာ မလွဲမသွေပါပဲ .. ဒါပေမဲ့ မလိုပါဘူး
google လို့ ပဲရိုက်ပြီး Ctrl + Enter သာခေါက်လိုက် သူ့ အလိုလို Automatic ထည့်ပေးသွားလိမ့်မယ်.
mistake အတွက်ဆိုရင်တော့ mistake51area.ning လို့ ပဲရိုက် ပြီးး Shortcut သုံးလိုက်ပေါ့ဗျာ..
6) Shift + Enter ဒါလေးကတော့ အနောက်က " .net " နဲ့ ဆုံးတဲ့ ဆိုဒ်တွေ အတွက်ပါ
ဥပမာ myanmardaily.net လို ဆိုဒ်မျိုးအတွက် myanmardaily လို့ ပဲရိုက်ပြီး Shift + Enter လိုက်ရုံပဲ
7) Ctrl + Shift + Enter ဒါကတော့ " .org " အတွက် mysteryzillion လိုမျိုးအတွက်
mysteryzillion လို့ ပဲ ရိုက်လိုက်တော့ပေါ့ ..
Ctrl + t ဒါကတော့ အားလုံးသိတဲ့ New Tab
9) Ctrl + Tab or Ctrl + Page Down or Ctrl + Shift + Tab ကတော့ Tab တစ်ခုနဲ့ တစ်ခု လွယ်ကူစွာသွားနိုင်ဖို့ 
10) Ctrl + 1 ....9 ကတော့ Tab နံပါတ် အလိုက်သွားဖို့ (ဒီ Function လေးကိုတော့ ကျွန်တော်
တော်တော်ကြိုက်ပါတယ်.. သွားရတာ အရမ်းအဆင်ပြေလို့ ပါ )
11) Ctrl + w ကတော့ အဲ့ Tab ကို ပိတ်တာပါ
12) Ctrl + Mouse Click အဲ့ဒါကတော့ လင့်ခ် တစ်ခုခုပေါ်မှာသုံးရတာပါ New Tab နောက်တစ်ခုနဲ့ 
ပွင့်ဖို့ ..
13) Ctrl + - ကတော့ Text Size ကို ချူံလိုက်တာပါ
14) Ctrl + + ဆိုရင်တော့ Text Size ကို ပြန်ကြီးလိုက်တာပါ
15) Ctrl + 0 က ပုံမှန် Size အတိုင်းဖြစ်အောင် ပြန်လုပ်လိုက်တာပါ

ဒါလေးကတော့ အခုလက်ရှိ အသုံးအများဆုံး Mozilla ရဲ့ Shortcut လေးတွေပါ အသုံးအများဆုံး
တွေကိုပဲဖော်ပြပေးထားတာပါ ပုံမှန်အတိုင်းဆိုပါက Shortcut Key ပေါင်း 70 ကျော်ရှိပါတယ်..
အခု Shortcut တွေဟာ နောက်ပိုင်းထွက်တဲ့ Google Chrome မှာလည်း Support လုပ်လို့ 
ie မှ ie ဖြစ်နေတဲ့ သူငယ်ချင်းတွေအတွက် အဆင်ပြေစေမှာပါ .. ( ကျွန်တော်ကတော့ Mozilla ရဲ့ 
ပရိသတ်တစ်ယောက် ဖြစ်နေလို့ ပါ )

ကဲ... စာဖတ်ရတာ ပျင်းနေပြီလားမသိဘူးး မပျင်းပါနဲ့ မပြီးသေးဘူးးးး

Gtalk ရဲ့ အသုံးအများဆုံး Shortcut တွေဆီ ဆက်လိုက်ရအောင် .....

1) *...* ချက်တင်ထိုင်နေတုန်း အရေးကြီးသော စာလုံးများကို Bold လုပ်ချင်ပါက * * ဖွင့်ပိတ်နဲ့ အလယ်က .... တွေနေရာမှာ စာတစ်ခုခုရိုက်ရင် Bold အနေနဲ့ မြင်ရမှာပါ
2)_ _(underscore) Underscore နှစ်ခုကြားထဲမှာ ရိုက်တဲ့စာလုံးတွေကိုတော့ Italic အဖြစ်နဲ့ မြင်ရမှာပါ
3) Ctrl + Mouse Wheel ကတော့ စာရိုက်နေတဲ့ Font ကို အကြီး အသေး ချိန်တာပါ .. ( ဒါပေမဲ့
နောက်ဆုံး Enter ခေါက်လိုက်ရင်တော့ ပုံမှန် Font နဲ့ ပဲ ရောက်သွားပါတယ်

ဟီးးး ဟီးး ကျန်တာတွေကိုတော့ အင်္ဂလိပ်လိုပဲ ..ဖတ်လိုက်တော့ဗျာ.. လုပ်ကြည့်လိုက်ကြပေါ့ ...
5) F9 Send an email to the contact you’re chatting with
6) CTRL + L: Left justify text
7) F11- Start a call
F12- Stop the call
9) ESC- Close the current window
10) For minimizing the current window press ALT + ESC.
11) Some smileys are converted by Google Talk: , , , , , , , .
12) CTRL + 1 For single spaced lines
13) CTRL + 2 For double spaced lines
14) CTRL + E: Center text
15) CTRL + R: Right justify text
16) F11 Start a voice chat with the contact
17) ESC Close the current window
18) ALT + ESC Close all Google Talk windows

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ