Ads 468x60px

Pages

Wednesday, June 19, 2013

window မှာ ကိုယ်ပိုင် မက်စ်ဆေ့လေးတွေ မြန်မာလို လုပ်နည်း



စစချင်းပဲ လုပ်လိုက်ရအောင် အာမချောင်ကြေးပေါ့နော်
(၁)  Start menu က search box မှာ task scheduler လို့ရိုက်ပြီး Enter ခေါက်ပါ
(၂) စက်အပေါ်ဘယ်ဒေါင့်မှာ command menu တွေကိုတွေ့ရမယ်  အဲဒီထဲက Action >> Create basic task ကို Click သွားလိုက်ပါ Create basic task wizard ဆိုတဲ့ window လေးပေါ်လာပါမယ်ဗျာ
 
(၃) Name ဆိုတဲ့ နေရာမှာ သင်ကြိုက်တဲ့ နာမည်တစ်ခုပေးလိုက်ပါ ၊ Description ကတော့ သူ့အတွက် ရှင်းလင်းချက်လေးပေါ့ဗျာ ၊ Description နေရာမှာ မဖြည့်ပဲ ဆက်သွားလို့ရပါတယ် ၊ ပြီးရင် next ကိုနှိပ်ပါ
(၄) Task trigger ဆိုတဲ့နေရာကိုရောက်မယ် အခုခိုင်းမယ့်အလုပ်ကို ဘယ်အချိန်မှာ လုပ်စေချင်တာလဲ ရွေးပေးရမယ် ၊ နေ့စဉ် ၊ အပတ်စဉ် ၊ လစဉ် ၊ တစ်ကြိမ် ၊ ကွန်ပြူတာ စဖွင့်တဲ့အခါ ၊ log on ၀င်တဲ့အခါ ၊ အဖြစ်အပျက်တစ်ခုခု ဖြစ်တဲ့အခါ စတဲ့ ရွေးချယ်စရာတွေ ရှိပါတယ် ၊ အခုကျွန်တော် နေ့စဉ်လုပ်ရမယ့် အလုပ်လေးတစ်ခုကို ဥပမာသဘောပြမှာမို့ Daily ကို ရွေးထားလိုက်ပါတယ် ၊ နောက် next လေးကို နှိပ်ပါ 
(၅) နေ့ကိုရွေးလိုက်တဲ့အတွက် ၊ အချိန်နာရီကို သတ်မှတ်ပေးရပါဦးမယ် ၊ start ရဲ့ဘေးက နေ့စွဲလေးဟာ စမယ့်နေ့လေးပါပဲ ၊ ဒီနေ့လုပ်ရင် ဒီနေကစ့ပေါ့ ပြနေပါမယ် ၊ နောက်တနေ့မှ စ.စေချင်တယ်ဆိုရင် ဘေးမှာရှိတဲ့ dropdown menu လေးကိုနှိပ်လိုက်ပါ ၊ ပြက္ခဒိန်လေးကျလာမယ် ၊ စချင်တဲ့ရက်ကို ရွေးလိုက်ပါ ၊ သူ့ရဲ့ဘေးမှာရှိတဲ့ နာရီကို သတ်မှတ်ပေးရပါဦးမယ် ၊ နာရီ မိနစ် စက္ကန့် AM/PM စတဲ့ နေရာလေးခုမှာ တစ်ခုစီကို cursor လေးချပြီးမှ ဘေးမှာရှိတဲ့ အပေါ်အောက်မျှားလေးကို နှိပ်ပြီး လိုချင်တဲ့အချိန်နာရီကို ရအောင် လုပ်ယူပါ ၊ အဲဒါလေးကို စိတ်ရှည်ပေးလိုက်ပါ ၊ Recur every ( ) days ဆိုတဲ့ကွင်းထဲမှာ (1) ရှိပြီးသားဖြစ်နေမယ် ၊ 5 ရက်ခြားမှ တစ်ခါဆို (5) ကို ပြောင်းရေးပေါ့ Recur ဆိုတာက ပုံစံတူ ထပ်ပြီး လုပ်တာ ဖြစ်တာမျိုးကို ပြောတာပါ ၊ ပြီးရင် next နှိပ်ပါ ၊ 
(၆) Action ဆိုတဲ့နေရာကို ရောက်လာပါမယ် ၊ ဘာလုပ်ပေးစေ ချင်တာလဲတဲ့မေးပါပြီ ၊ ပရိုဂရမ်တစ်ခုကို ဖွင့်ပေးရမလား ၊ Email ပို့ပေးရမလား ၊ message လေးဖေါ်ပြပေးရမလား ဆိုပြီးရှိတဲ့အထဲမှာ Display a message ကိုပဲ ရွေးလိုက်ပါတယ် ၊ ပြီးရင် Next ကို နှိပ်ပါ ၊ ( လုပ်ရမှာတစ်ခုတည်းကို တန်းမပြောပဲနဲ့ တွေ့မှာတွေကိုပါ ပြောနေတာကတော့ ဒီ task scheduler လေးကို သုံးပြီး တခြားလုပ်နိုင်တာတွေ အများကြီးရှိတာကို သိစေချင်တာပါ ၊ ပရိုဂရမ် တင်မကပဲနဲ့ file တစ်ခုခုကို ဖွင့်ခိုင်းလို့လည်း ရတာပါပဲ ၊ ကွန်ပြူတာကို အချိန်ကိုက် ဖွင့် / ပိတ် ခိုင်းလို့ရတယ် ၊ program တွေကို update မလုပ်အောင် ပိတ်လို့ရတယ် ၊ စသည်ဖြင့် အများကြီးပါပဲ ) 
(၇) Display a Message ဆိုတဲ့ window လေးပေါ်လာပါပြီ ၊ ခေါင်းစဉ်လေးရယ် ၊ message စာသားလေးရယ် ရေးပြီး next ကို နှိပ်ပါ ၊ ပြီးရင် နောက်ဆုံးမှာ Finish ကို ရောက်သွားပါပြီ Finish ကို နှိပ်လိုက်ပါ ။ မြန်မာလို ရေးချင်တယ် ဆိုရင် System ထဲက message box မှာ မြန်မာဖောင့်ကို ပြောင်းထားမှ ရေးလို့ရပါမယ် ၊ System ထဲမှာ မြန်မာဖောင့်လေးတွေ ပြောင်းဖို့အတွက်ကို ဒီပို့စ်အောက်မှာ တွဲထည့်ပေးလိုက်ပါတယ်
သူ့အချိန်ကျရင် ကိုယ် ရေးခဲ့တဲ့ message box လေးက ပေါ်လာပြီး သတိပေးမှာပါ ၊ OK ခလုတ်လေးကို နှိပ်လိုက်မှသာ သူပြန်အိပ်သွားမှာပါ ။ 
အခု အစီအစဉ်နဲ့ ခိုင်းထားတဲ့အလုပ်တွေကို နားထားချင်တယ် ၊ ဒါမှမဟုတ်ဖျက်ပစ်ချင်တယ်ဆိုရင် အပေါ်ဘယ်ဒေါင့်မှာရှိတဲ့ Task Scheduler Library ကိုကလစ်လုပ်ပါ ၊ အလယ်ဖက်မှာ အစီအစဉ်ဇယားတွေကို တွေ့ရပါမယ် ၊ အမှတ်စဉ် (၃) မှာတုန်းက ကျနော်တို့ပေးခဲ့တဲ့ နာမည်လေးအတိုင်း ရှာပါ ၊ တွေ့ရင် သူ့အပေါ်ကို right click လုပ်ပါ ၊ နားထားမယ်ဆိုရင် disable ကိုရွေးပါ ၊ နားထားရာကနေ ပြန်သုံးမယ်ဆိုရင် enable ပြန်ရွေးပါ ၊ အပြီးဖျက်ချင်ရင် delete ကိုရွေးပါ ။ 
ကဲဒီလောက်ဆိုရင် ကိုယ်ပိုင် message လေးတွေ လုပ်တတ်လောက်ပြီထင်ပါတယ်နော်
 
 
System ထဲမှာ မြန်မာဖောင့်လေးတွေ ပြောင်းဖို့အတွက်
 
 

 မြန်မာတော်တော်များများ အတွက်ကတော့ ကွန်ပြူတာကိုသုံးပြီဆိုတာနဲ့ မြန်မာလို ဖတ်လို့ရအောင် Myanmar font ကိုထည့်ကြတယ် ဒါမှမဟုတ် စာပါရိုက်လို့ရအောင် Myanmar keyboard ကို install လုပ်လိုက်တော့ စာလည်းရိုက်လို့ရ ဖတ်လည်းဖတ်လို့ရ ဖြစ်သွားတယ် ၊ ဒါပေမယ့် အဲဒါတွေက Web ပေါ်မှာနဲ့ ကွန်ပြူတာထဲက notepad, wordpad နဲ့ Office application, Graphic design application စတဲ့ application တွေမှာသာ မြန်မာလိုရိုက်လို့ ရတာပါ ၊ Windows ရဲ့ Title bar ပေါ်မှာ ၊ Icon မှာ ၊ Menu မှာ ၊ Message box မှာ ၊ Drive label တွေမှာ ၊ File name တွေမှာ စတဲ့ ..စတဲ့ Windows 7 System က ရေးဖို့ခွင့်ပြုထားတဲ့ နေရာတွေမှာ မြန်မာလိုရေးချင်လာပြီ ဆိုရင်တော့ Windows ရဲ့ System font ကို မြန်မာလိုရေးလို့ရတဲ့ font နဲ့ ပြောင်းပေးဖို့လိုပါတယ် ၊ item တစ်ခုချင်းစီရဲ့ font ကိုပြောင်းပေးရင်လည်း ပြောင်းလိုက်တဲ့ သက်ဆိုင်ရာနေရာမှာ မြန်မာလို ရေးလို့ရပါပြီ ၊ ဘယ်နေရာမှာ သွားပြီး ပြောင်းရမလဲဆိုတာတော့ သိဖို့လိုတာပေါ့ ၊ အဲဒါက သိဖို့ကောင်းတဲ့ လျှို့ဝှက်ချက်ပဲ မဟုတ်ပါလား ။


ကဲ ဒီလိုလေးလုပ်ပါ

(၁) Desktop ပေါ်မှာ right click လုပ်ပြီး personalize ကိုရွေးပါ


(၂) personalization window ကိုရောက်သွားတဲ့အခါ window color ကိုနှိပ်ပါ

(၃) window color and appearance ကို ရောက်သွားပါပြီ advanced appearance settings ကိုကလစ်ပါ
( ဒီနေရာမှာ ကွန်ပြူတာ တစ်ခုနဲ့တစ်ခု ကွာခြားပါတယ် ၊ Graphic card မကောင်းလို့ဖြစ်စေ graphic card driver မမှန်လို့ဖြစ်စေ aero effect မရတဲ့ ကွန်ပြူတာတွေမှာ ဒီအဆင့်ကိုကျော်သွားပါတယ် )


(၄) font နဲ့ theme ရွေးတဲ့ window လေးတစ်ခုဆီကို ရောက်သွားပါပြီ item: ဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ dropdown menu လေးကို ကလစ်လုပ်ပါ ၊ 3D Objects ဆိုပြီးပေါ်နေတဲ့ bar လေးမှာပါ ၊ ကလစ်လုပ်လိုက်ရင် အဲဒီအောက်ထဲမှာ item တွေ အများကြီး ရှိနေပါတယ်


(၅) Active title bar ကိုရွေးကြည့်လိုက်တဲ့အခါ အောက်မှာရှိတဲ့ font bar မှာ Segoe UI လို့ခေါ်တဲ့ font လေးတစ်ခုကို ပေါ်လာတာကို တွေ့ရပါလိမ့်မယ် font မလိုတဲ့ item တွေမှာ font bar ဟာရွေးစရာ မလိုတဲ့အတွက်ကြောင့် မှိန်နေတာ ( Grayscale ဖြစ်နေတာ) ကိုတွေ့ရပါလိမ့်မယ် ၊ သူက ပင်တိုင်သုံး System font ပါ ၊ အဲဒီ font လေးပေါ်ကမျှားလေးကို နှိပ်ကြည့်လိုက်ရင် ကျနော်တို့ စက်ထဲမှာ install လုပ်ထားတဲ့ font တွေထွက်ကျလာပါမယ် ၊ မြန်မာစာလုံးရေးလို့ရတဲ့ နှစ်သက်ရာ font တစ်ခုခုကိုရွေးလိုက်ပါ ၊ ဥပမာ ဇော်ဂျီဝမ်း ဆိုပါတော့ ၊ font size, font color, bold, italic စသည်ဖြင့် စိတ်တိုင်းကျ ကွန့်မြူးကြည့်နိုင်ပါတယ် ၊ ပြီးရင် apply ကိုနှိပ်ပြီး ပြောင်းလဲချိန်အတွက် ခေတ္တစောင့်ပေးလိုက်ပါ ၊ ဒါက item တစ်ခုကိုပဲ ပြောင်းရပါသေးတယ်



(၆) အဲဒီလိုပဲ Icon, Menu, Message Box, Selected Items, Tool tips တို့ကိုလည်း တစ်ခုချင်းရွေးပြီး အထက်ကနည်းအတိုင်းပဲ လုပ်ပါ ၊ အားလုံးပြီးသွားတဲ့အခါ ok ပေးလိုက်ပါ ၊ ဖွင့်ခဲ့တာတွေကို ပြန်ပိတ်လိုက်ပါ ။

ကဲ စမ်းကြည့်မယ်ဆိုရင် desktop navigation pane မှာ icon မှာ user account မှာ libraries မှာ drive label မှာ file name တွေမှာ စတဲ့နေရာတွေမှာ right click လုပ်ပြီး rename လုပ်ပါ ၊ ပြီးတာနဲ့ မြန်မာ ကီးဘုတ်ကို ပြောင်းပြီး စိတ်ကူးတည့်ရာ ရေးလို့ရပါပြီ ။

တကယ်လို့ Windows theme ကို Microsoft ကပေးတဲ့ theme မဟုတ်ပဲ ပြင်ပ theme တစ်ခုခုနဲ့ ပြောင်းလိုက်မယ် ဆိုရင်တော့ system font လည်းပြောင်းသွားတတ်ပါတယ် ၊ Theme တွေက wallpaper, icon, windows sound, background color, font စတာတွေ အစုံလိုက်တွဲထားတတ်တယ် မဟုတ်ပါလား ၊ မြန်မာလိုရေးလို့ရတဲ့ font ပေးထားတာကို ကြိုက်တယ်ဆိုရင် နောက်တစ်ကြိမ် ထပ်လုပ်ဖို့လိုနိုင်ပါတယ် ။

ပျော်ရွှင်ပါစေဗျာ

 အာကာဖြိုး(နည်းပညာ)

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ