Ads 468x60px

Pages

Friday, June 7, 2013

ဘာကြောင့် Motherboard မှာ Battery ပါတာလဲ?


သင်ဟာ Desktop computer ကိုပဲသုံးသုံး Laptop computer ကိုပဲသုံးသုံး သင့် Computer ရဲ့ Motherboard မှာ Battery တစ်ခုပါစမြဲပါ။အဲ့ဒီ့ Battery က သင့်ရဲ့ Computer ကိုသုံးနေတဲ့ အချိန် Power ပေးတာမဟုတ်ပါဘူး။လုံးဝ ဆန့်ကျင်ဘက်, သူက သင့်ရဲ့ Computer ကိုလုံးဝပိတ်ထားတဲ့ အခါမှ အလုပ်လုပ်တာဖြစ်ပါတယ်။
Motherboard ကဒီ Battery ကိုဘယ်လို အသုံးချလည်းဆိုရင်
Computer မှာပြတဲ့ နာရီကို သိတယ်မှတ်လာ၊ဟုတ်ကဲ့ အဲ့ဒီ့ နာရီကို
Computer ပိတ်လိုက်လည်း နာရီမမှားအောင် အချိန်နဲ့ တစ်ပြေးညီ
အချိန်ကိုပြနိုင်အောင် နဲ့ Computer ရဲ့ BIOS Setting တွေကိုသိုလှောင်နိုင်အောင် ဒီ Battery ကအလုပ်လုပ်ပေးပါတယ်။




BIOS ဆိုတာဘာလဲ?

Computer တိုင်းမှာ BIOS လို့လူသိများတဲ့ Basic Input/Output System တစ်ခုပါဝင်ပါတယ်။
(ယခုနောက်ပိုင်း Computer တစ်ချို့မှာ BIOS နေရာမှာ UEFI firmware ကိုအစားထိုးလာကြပါတယ်၊ဒါပေမယ့်လည်း- သူလည်း BIOS လို အရေးကြီးတဲ့ အခန်းကနေ လုပ်ဆောင်ပါတယ်။)BIOS ဟာသင့် Computer Motherboard ရဲ့ Chip တစ်ခုမှာ သိုလှောင်ထားပါတယ်။သင့်ရဲ့ Computer ကို Boot လုပ်လိုက်တာနဲ့ BIOS သူကိုတိုင် POST လို့ခေါ်တဲ့
Power-On-Self-Test ကိုစတင်ပြုလုပ်ပါတယ်။BIOS က POST လုပ်ပြီးတာနဲ့ သင့် Computer ရဲ့ အများအားဖြင့် သင့်ရဲ့ Hrad Drive မှာရှိတဲ့ Opreating System ရဲ့ Boot Loader ကို Load လုပ်ပါတယ်။
Boot Loader တွေက USB Drive မှာရှိနိုင်သလို Optical Disc မှာလည်းရှိနိုင်ပါတယ်။ဒီနေရာမှာ Opreating System ဆိုတာ Windows, Linux, Mac OS X တို့အပါဝင် သင့် Computer မှာသွင်းနိုင်တဲ့ Opreating System အကုန်လုံးကိုဆိုလိုခြင်းဖြစ်ပါတယ်။

BIOS က low-level system အလုပ်တွေအတွက် တာဝန်ယူရတာဖြစ်ပါတယ်။Computer ရဲ့ BIOS ထဲကို
Computer Boot တတ်တတ်ချင် အများအားဖြင့် F2 သို့မဟုတ် Delete ကိုနှိပ်ပြီးဝင်နိုင်ပါတယ်။
(UEFI Firmware ကိုသုံးထားတဲ့ Windows 8 တင်ပြီးသား စက်အသစ်တွေမှာ ဆိုရင် F2 သို့မဟုတ် Delete Key နှိပ်ပြီးဝင်လို့မရတော့ပါဘူး။Windows 8 မှာ BIOS ထဲဝင်နည်းကို Post တစ်ခုရေးပေးပါမယ်။)

ဟုတ်ပြီ ပြန်ဆက်ရအောင်။ BIOS ထဲမှာ ရှိတဲ့ Setting တွေဟာသင့် Computer Hardware တွေရဲ့
Low-Level Setting တွေပြုပြင်ပြောင်းလဲနိုင် အောင်ခွင့်ပြုပေးထားပါတယ်။ဥပမာ-CPU’s multiplier (သို့)front side bus (FSB)  တို့လို Setting တွေကို Adjust လုပ်ပြီး CPU ကို OverClock လုပ်နိုင်ပါတယ်။
နောက်ပြီး BIOS ထဲမှာ ပြောင်းလဲနိုင်တဲ့ Setting တွေအများကြီရှိပါတယ်။Boot Order တွေ,System ရဲ့
နာရီကို ပါဒီ နေရာကနေပြောင်းလို့၇ပါတယ်။

CMOS ဆိုတာဘာလဲ ?

CMOS, CMOS ရဲ့ အပြည့်စုံဟာ complimentary metal-oxide-semiconductor ဖြစ်ပါတယ်။BIOS Setting တွေဟာ CMOS ရဲ့ RAM ထဲမှာ သိုလှောင်ပါတယ်။အဲ့ဒီ CMOS ကို Computer Power ပိတ်ထားတဲ့အခါမှာ Power ပေးတာလည်း Battery ပဲဖြစ်ပါတယ်။Battery ဆိုတာ လိုအပ်ပါတယ် ဘာကြောင့်လည်းဆိုရင် သူသာ ပါဝါမပေးဘူးဆိုရင် CMOS ထဲမှာ ရှိတဲ့ BIOS Setting တွေအကုန်လုံး
ပျောက်သွားနိုင်ပါတယ်။

ခေတ်သစ် Computer တွေဟာ CMOS RAM ကိုလုံးဝအသုံးမပြုတော့ပါဘူး။BIOS Setting တွေကိုသူတို့
non-volatile memory ထဲမှာသိုလှောင်ပါတယ်။ဆိုလိုချင်တာ က သူတို့ Setting တွေ Save လုပ်ဖို့
ပုံသေ Power မလိုအပ်တော့ပါဘူး။

Motherboard တွေ Battery ဘာကြောင့် လိုအပ်တာလဲ?

ခေတ်သစ် Computer တွေမှာ BIOS Setting တွေကို non-volatile memory ထဲမှာ Battery ရဲ့ Power
ကိုအသုံးမပြုပဲ Setting တွေကို Save လုပ်နိုင်တယ်လို့ ပြောပြီး Motherboard တွေမှာ ဘာကြောင့်
အခုအချိန်ထိ Battery ပါနေသေးတာလဲ ? အဖြေကရှင်းရှင်းလေးပဲ သူ့မှာ အချိန်နဲ့တစ်ပြေးညီ အချိန်ကို
ပြပေးရတဲ့ Real Time Clock (RTC) ရှိနေသေးပါတယ်။အဲ့ဒီ နာရီက Computer ကိုပါဝါ ပိတ်ထားထား
ဖွင့်ထားထား အချိန်ပြည့် Run နေရပါတယ်။အဲ့ဒါကြောင့် သင့်ရဲ့ Computer က အချန်ကိုတိတိကျကျ
ပြပေးနိုင်တာဖြစ်ပါတယ်။

Battery ဘယ်အချိန်ပျက်လဲ?

အကုန်လုံးသိတဲ့ အတိုင်းပဲ ဘယ် အရာမဆို ပျက်တတ်တာ ကြည့်ပဲ။သူလဲ နောက်ဆုံး အလုပ်လုပ်တာကနေ ရပ်သွားပါလိမ့်မယ်။အများအားဖြင့် Motherboard ကိုစက်ရုံကနေ စထုတ်ပြီး
၂ နှစ်ကနေ ၁၀ နှစ်ကြားအတွင်းမှာ ဖြစ်တတ်ပါတယ်။တစ်နေကုန် လိုလို  Computer ကိုဖွင့်ထားမယ်ဆိုရင် Battery တွေကြာကြာခံနိုင်ပြီး အသုံးနည်းတဲ့ Computer တွေမှာဆိုရင်
Battery မြန်မြန် အလုပ်လုပ်တာ ရပ်သွားနိုင်ပါတယ်။

BIOS ကို CMOS ထဲမှာသိုလှောင်တဲ့ Computer တွေမှာဆိုရင် ဘက်ထရီ ပျက်တာနဲ့ Computer ကိုဖွင့်တိုင်းဖွင့်တိုင်း “CMOS Battery Failure”, “CMOS Read Error”, (သို့) “CMOS Checksum Error”
တို့လို Error Message တွေပြနိုင်ပါတယ်။ နောက်ပြီး New CPU Installed လို Error Message တွေပါပြလာနိုင်ပါတယ်။အဲ့လို New CPU Installed ဆိုပြီးပြနေရင် Motherboard မှာ အစကတဲက ထည့်ထားတဲ့ CPU ကို Motherboard က အခုမှထည့်ထားတယ် လို့ပဲသိပါတော့တယ်။

ခေတ်သစ် Computer တွေမှာ Motherboard Battery ပျက်ရင်လည်း Boot ကိုပုံမှန်တတ်ပေးနိုင်ပါတယ်။
ဒါပေမယ့် အချိန်ကိုတော့ တိတိကျကျပြပေးနိုင်တော့မှာ မဟုတ်ပါဘူး။ကဲ Motherboard မှာ Battery ပါရခြင်း အကြောင်းသိပြီလို့ထင်ပါတယ်။


အားလုံးအဆင်ပြေကြပါစေ။

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ