Ads 468x60px

Pages

Friday, June 7, 2013

Window 8 ထဲမှာ BIOS ထဲသို့ဝင်နည်း


ကျွန်တော်တို့ အရင် Windows တွေတုံးကဆိုရင်
BIOS ထဲဝင်ဖို့ F2 (သို့) Del ကိုနှိပ်ပြီးဝင်လို့ရပေ
မယ့်။အခု Windows 8 မှဆိုရင် အဲ့ဒီ Key တွေကို
နှိပ်ပြီးဝင်လို့မရတော့ပါဘူး။F2 (သို့) Del ကိုနှိပ်ပြီး
ဝင်လို့ရ ရ မယ့်အစားသူ့ကို BIOS ထဲကိုဝင်လို့
ရအောင် Windows 8 ရဲ့ boot options menu
မှာထားပေးထားပါတယ်။








အများအားဖြင့် Computer တော်တော်များများ မှာ BIOS ထဲကိုဝင်ဖို့ computer ကိုဖွင့်လိုက်တဲ့အချိန်မှာ
“Press F2 to enter setup” လို Message ကိုတွေ့ရပေမယ့်၊အခုနောက်ပိုင်းထွက်လာတဲ့ Windows 8
အသင့်သွင်းပြီးသား Computer တွေမှာ ဆိုရင် MAC Computer တွေလို UEFI Firmware ကိုအသုံးပြုလာကြပါတယ်။



Windows 8 Hardware vs. Old Computers With Windows 8

ဒီနည်းကို UEFI ကိုသုံးထားတဲ့အတွက်ကြောင့် Windows 8 အသင့်သွင်းပြီးသား Computer တွေမှာပဲ
အသုံးပြုလို့ရမယ်လို့ဆိုထားပေမယ့် ဒီနည်းကို တစ်ချို့ Computer အဟောင်းတွေမှာလည်း သုံးလို့ရပါတယ်။တစ်ချို့ ပုံမှန် BIOS ကိုသုံးထားတဲ့ စက်တွေမှာ ဆိုရင် F2 (သို့) Delete key ကိုနှိပ်ပြီး
ဝင်လို့ရပါတယ်။တယ်ကယ်လို့ F2 (သို့) Delete ကိုနှိပ်ပြီးဝင်လို့မရင် UEFI နည်းကိုသုံးကြည့်ပါ။
တစ်ခုမဟုတ်တစ်ခုကတော့ အဆင်ပြေပါလိမ့်မယ်။

Boot Option ထဲဝင်ခြင်း

Windows 8 ရဲ့ Boot Option Menu ထဲကိုဝင်ဖို့ နည်းတွေအများကြီး ရှိပါတယ်။အလွယ်ဆုံးကတော့
PC Setting Application ကနေ၀င်နည်းပဲဖြစ်ပါတယ်။ဝင်ဖို့အတွက် Shortcut Windows Key + C ကိုတွဲ
နှိပ်ပေးပါ။Charms bar ပေါ်လာပြီ ဆိုရင် Setting ကိုနှိပ်ပြီး Change PC settings ကိုရွေးပေးပါ။

PC Settings application ထဲမှာ အောက်ပုံမှာ ပြထားတဲ့အတိုင်း General ကိုရွေးပေးပါ။ပြီးရင် Advanced startup အောက်မှာရှိတဲ့ "Restart" ကိုနှိပ်ပေးပါ။အဲ့ဒီ့ အချိန်မှ သင့်ရဲ့ Computer က Restart ဖြစ်သွားပြီး
Windows 8 ရဲ့ Boot Option menu ထဲကိုရောင်သွားပါလိမ့်မယ်။အဲ့ဒီ ကနေ UEFI BIOS ထဲကိုဝင်လို့
ပါပြီ။

Command-Line Geek တွေအတွက် သတင်းကောင်းတစ်ခု special shutdown.exe command
ကို Run ပြီးသင်တို့ Computer ကို Direct boot option menu ထဲကိုဝင်နိုင်ပါတယ်။

Shutdown.exe /r /o

UEFI BIOS ထဲကိုဝင်ခြင်း

Boot Option Menu ထဲမှာ သင်ဟာ USB Drive,CD,DVD (သို့) တစ်ခြား Device တွေကနေ Boot တတ်ချင်ရင် USE A Device ကိုသုံးပြီးတတ်နိုင်ပါတယ်။

တကယ်လို့ အဲ့ဒီမှာ သင်ဟာ UEFI BIOS ထဲကို ၀င်ဖို့သက်သက် ဆိုရင် Troubleshoot ကိုရွေးပေးလိုက်ပါ။

Troubleshoot ကိုနှိပ်လိုက်ပြီးဆိုတာ နဲ့ Advanced Options Menu ထဲကိုရောက်သွားပါလိမ့်မယ်။
Unified Extensible Firmware Interface လို့ခေါ်တဲ့ UEFI BIOS ထဲကိုဝင်ချင်ရင် UEFI Firmware Settings ကိုနှိပ်ပြီး ၀င်လို့ရပါပြီ။Advanced Options Menu ထဲမှာလည်း တော်တော်အသုံးဝင်တဲ့
Tool အမျိုးမျိုးကိုတွေ့ပါလိမ့်မယ်။(UEFI BIOS နဲ့ ရိုးရိုး BIOS နဲ့အတူတူပါပဲ။)

နောက်တစ်ခု- တကယ်လို့သင်ဟာ ပေါ်ပုံမှာ ပြထားတဲ့အတိုင်း UEFI Firmware Settings လို့မပေါ်ရင်
သင့်ရဲ့ Computer ကို ပုံမှန် BIOS ထဲဝင်နေကျအတိုင်း F2 (သို့) Delete ကိုနှိပ်ပြီးဝင်ရမှာဖြစ်ပါတယ်။
( F2 (သို့) Delete ပုံသေ BIOS ထဲကိုဝင်ရတဲ့ Key များမဟုတ်ပါ။တစ်ချို့စက်တွေမှာ BIOS ထဲဝင်ဖို့
တစ်ခြား Key တွေကို နှိပ်ပြီးဝင်ရတာလည်းရှိပါတယ်။တိတိကျကျသိချင်ရင် Computer ရဲ့ Manual မှာကြည့်နိုင်ပါတယ်။)


အားလုံးအဆင်ပြေကြပါစေ။

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ