ဒီနည်းလေးကတော့ ရုံးမှာလုပ်တဲ့ သူတွေအတွက် အဆင်ပြေသင့်သလောက်
ပြေကြမယ်ထင်ပါတယ် သိတဲ့သူတော့များတယ် အခြေခံသမားတွေအတွက်
ရည်ရွယ်ပြီး မျှဝေလိုက်တာပါ Excel တို့  Word တို့  နဲ့ စာတွေ ရိုက်ပြီးရင် သူ
များမမြင်အောင် Lock ချထားတာပါ Pass Word မသိရင် ဖွင့်လို့ မရတော့ပါ
သေးသေးလေး ဖြစ်ပေမယ့် ကျနော့ အတွက်ကတော့ အတော်လေး အသုံးဝင်
လှပါတယ် ရုံးက ကွန်ပျုတာထဲမှာ အဲ့လိုနည်းနဲ့  သိမ်းထားတယ် သိပ်တော့ပူစ
ရာမရှိဘူး ဘယ်သူမှလည်း မြန်မာစာမဖတ်တတ်ဘူးလေ ရီစရာပြောပြရမယ်
ဆိုရင် စာရင်းတွေ ဇယားတွေဆွဲ ကြရင်းနဲ့  Ctrl Shift ကို နှိပ်မိသွားတာလေး
ထောင့်တုံးလေးတွေ ပေါ်လာတယ် ဘယ်လိုပြောင်းရမှန်း မသိကြဘူး စက်ကို
ပြန်ပိတ်ပြီး ပြန်ဖွင့်ကြရတယ် မြန်မာစာ အင်စတောထည့်ထားတာဆိုတော့ အဲ့
လိုဖြစ်သွားတာ မြန်မာတွေဆိုရင်တော့ တန်းသိမှာပါ သူတို့ လူမျိုးတွေဆိုတော့
မစဉ်းစားမကြဘူး ဘာဖြစ်လို့ လည်းဆိုတော့ မလေးဘာသာလည်း အေဘီစီ နဲ့ 
ပဲရိုက်တာ ကိုယ်ပိုင်အက္ခရာ မရှိပါဘူး...အဲ့လို ..အဲ့လို ဆုံရကြုံရ အလုပ်သမား
ဘ၀လေးပါ ကဲ..ကဲ..တိုက်ဆိုင်သူရှိရင် စမ်းပေတော့................................။
Ref>>> www.zwmnna.com/2011/11/word-excel.html
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...