Ads 468x60px

Pages

Friday, June 7, 2013

USB Drive တွေကို Software မသုံးပဲလုံးခြုံအောင်သော့ခတ်နည်း


ဟုတ်ကဲ့၊ ကျွန်တော်တို့ဒီ Post မှာ USB Drive တွေကို Software မသုံးပဲ လုံခြုံစွာကာကွယ်နည်းအကြောင်းကိုပြောပြမှာဖြစ်ပါတယ်။
Software တွေကိုမသုံးဘူးဆိုရင် ဘယ်ဟာတွေကို သုံးမှာလည်းလို့
မေးစရာရှိပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့ Windows မှာပါတဲ့ BitLocker ကိုအသုံးပြုပြီး storage medium တွေကို Password ပေး
encrypt လုပ်နိုင်ပါတယ်။






Removable Drive တစ်ခုအတွက် Bitlocker ဖွင့်ခြင်း

ပထမဦးဆုံး သင့်ရဲ့ USB Drive ကို PC ရဲ့ USB Port မှာတပ်ပါ။ပြီးရင် Computer ကို Double Click
လုပ်ပြီး သင့်ရဲ့ USB Drive ပေါ်မှာ Right Click လုပ်ပါ။ပေါ်လာတဲ့ context menu ထဲက Turn on BitLocker ကိုရွေးပေးပါ။

Wizard တစ်ခုပေါ်လာပြီ ဆိုရင် “Use a password to unlock the drive”  ကို အမှန်ခြစ်ပေးပါ။

အမှန်ခြစ်ပြီးတာ နဲ့ သင်ကြိုက်တဲ့ Password ကို ရိုက်ထည့်ပေးပါ။(အပေါ် Box မှရိုက်ထားတဲ့ Password ကို အောက်က Reenter ဆိုတဲ့ Box မှာလည်းထည့်ပေးရမှာပါ။)

ဒီတစ်ခါ သင့်ကို ရွေးချယ်ဖို့ သုံးခုပေးထားပါတယ်။သင့်ရဲ့ Password ကို Microsoft Account မှာ Save လုပ်မှာလာ။ဒါမှမဟုတ် သင့်ရဲ့ Password ကို File တစ်ခုအနေနဲ့ သိမ်းထားမှာလာ။နောက်ဆုံးတစ်ခုက
သင့်ရဲ့ Password ကို Print ပါထုတ်ပေးနိုင်တယ်ဆိုပြီး အားလုံးပေါင်းသုံးခုရွေးချယ်ဖို့ပေးထားပါတယ်။
သင်ကြိုက်ရာကိုရွေးလိုက်ပါ။

ဒီနေရာမှာ သင့်ဟာ BitLocker ကို Drive အသစ် (သို့) PC အသစ်မှာ ပြုလုပ်နေတယ်ဆိုရင် Encrypt 
Used disk space only ကိုရွေးပေးပါ။ မဟုတ်ရင် Encrypt entire drive ကိုရွေးပေးပါ။

နောက်ဆုံးအနေနဲ့ Start encrypting ကိုနှိပ်ပေးလိုက်ပါ။သင့်ရဲ့ Drive ကို Encrypt လုပ်ပေးပါလိမ့်မယ်။

ကဲ Password လည်းပေးပြီးသွားပြီ Encrypt လည်းလုပ်ပြီးသွားပြီဆိုရင် Drive ကို Unlock လုပ်ကြည့်ရအောင်။

Drive ကို Unlock လုပ်ခြင်း

သင့်ရဲ့ Encrypt လုပ်ထားတဲ့ Drive ကို PC မှာတပ်လိုက် ရင် BitLocker-protected ဆိုပြီး Message
တစ်ခုတွေ့ရပါလိမ့်မယ်။အဲ့ဒီ့ Message ကို Click လုက်ပါ။(Windows 8 မှာ)

သင့်ကို Password မေးပါလိမ့်မယ်။အဲ့ဒီ မှာသင်ပေးထားတဲ့ Password ကို ရိုက်ထည့်ပြီး Unlock ဆိုတဲ့
Button ကိုနှိပ်လိုက်ရင် သင့်ရဲ့ USB Drive Unlock ဖြစ်သွားပါပြီ။


ကျွန်တော်တို့ပြောချင်တဲ့ USB Drive တွေကို Software မသုံးပဲ လုံခြုံစွာကာကွယ်နည်း ဆိုတာဒါပါပဲ။
ဒီနည်းကို Windows 8 နဲ့လုပ်ပြထားပေမယ့် Windows 7 မှာလည်း လုပ်လို့ရပါတယ်။လုပ်ပုံလုပ်နည်း
တွေက ကျွန်တော်တို့အခု လုပ်ပြထားတဲ့နည်းတွေ အဆင့်တွေနဲ့ မကွာသလောက်ပါပဲ။(တစ်ချို့ Windows Edition တွေမှာ BitLocker ကိုအသုံးပြုလို့မရပါဘူး)


အားလုံးအဆင်ပြေကြပါစေ။

2 comments:

  1. ဟုတ်ကဲ့ ကျနော် bitlocker password မေ့သွားရင် ပြန်လည်ရယူနိုင်တဲ့ နည်းလေးကိုလည်း လိုချင်ပါတယ်ခင်ဗျာ

    ReplyDelete
  2. ဟုတ်ကဲ့ ကျနော် bitlocker password မေ့သွားရင် ပြန်လည်ရယူနိုင်တဲ့ နည်းလေးကိုလည်း လိုချင်ပါတယ်ခင်ဗျာ

    ReplyDelete

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ