Ads 468x60px

Pages

Monday, June 17, 2013

ကွန်ပျူတာက မသိတဲ့ဖိုင်တစ်မျိုးဖြစ်အောင် ပြုလုပ်ပြီး မိမိရဲ့ဒေတာတွေကို လျှို့ဝှက်မယ် မျှဝေမယ်

မင်္ဂလာပါ... ဘော်ဒါကြီး မိုးကောင်ကင်ဖောင်းပြင် မှ ကိုပြည့်ဖြိုး မျှဝေပေးပါလို့ :p တောင်းဆိုထားလို့ မူရင်းအတိုင်းပြန် မျှဝေပေးလိုက်ပါတယ်... ဒီနေ့တော့ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့် ဖိုင်လေးတွေ အကြောင်း နဲနဲပါးပါးလေး  ရေးပေးမယ်.။ ကျုပ်အခုပြောမယ့် နည်းပညာလေးက ကိုမောင်ပေါက်တော့ လက်တွေ့ အသုံးချနေပါ တယ်.။ ဟာဘာနည်းပညာလဲဗျာ သိချင်တယ်.သြော် သိရမှာပေါ့ဗျာ. ကျုပ်တို့ကွန်ပျူတာသမားအတော် များများဟာ ခုနပြောခဲ့တဲ့ file format အကြောင်းတွေ သိပြီးသားလို့ ယူဆမယ်နော် မသိသေးရင်လည်း ကျုပ်တို့ သိမ်းဆည်းထားတဲ့ ဖိုင်လေးတွေ mp3 mp4 dat flv jpg pdf rar zip exe စသဖြင့် များစွာကြိုက်နှစ် သက်တာတွေ သိုမှီးသိမ်းဆည်းထားကြပါတယ်.ဖိုင်နာမည်တွေကိုလည်း မြန်မာလိုရော အင်္ဂလိပ်လိုရော အမျိုးမျိုးပေးထားကြပါတယ်.။ အဲဒီမှာ တစ်ခုသတိထားရမှာက Icon လေးတွေမြင်လို့ သိတာထက် နဲနဲသာ တဲ့ပညာလေးပေါ့ဗျာ။ ဟာဒီဖိုင်က ဘာဖိုင်ဆိုတာကို Microsoft ကုမ္မဏီက အဲဒါလေးကိုအရှင်လုပ်ထားတယ်
မူရင်းကတော့ ၀ှက်ထားတယ်ပေါ့ဗျာ.။
အဲဒါလေးကို ပြန်ပြင်လိုက်ရင်တော့ သြော်ဒါ mp3 ဖိုင် mp4 jpg စသဖြင့် သိနိုင်ပါပြီ.။ အဲဒီနည်းဟာ မသိသေးတဲ့ ကလေးငယ်တွေကို ကိုယ်မကြည့်စေချင်တဲ့ဖိုင်တွေ ဥပမာ mp4 တို့ pdf စသဖြင့်ပေါ့ဗျာ.။ အဲဒါလေးကို ဒီနည်းလေးနဲ့ လုပ်ထားမယ်ဆိုရင် ဘယ်လောက်ပင်ဖွင့်ဖွင့် ပွင့်မှာမဟုတ်ပါဘူး မူရင်း mp4 pdf ဖိုင်အတိုင်းပွင့်မှာ မဟုတ်ပါဘူး.။ ဘာကြောင့်လည်းဆိုတော့ ကွန်ပျူတာက ဒါဘာဖိုင်ဆိုတာ မခွဲခြားတတ်တော့ လို့ပါ.။ အမျိုးအမည်မသိတဲ့ဖိုင်လေးပေါ့.။ ဒါကလည်း ခက်လို့တော့မဟုတ်ပါဘူး တစ်ခုလေးပြောင်းပေးရုံနဲ့ နာမည်လေးရဲ့နောက်က .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe စသဖြင့်ဖိုင်နာမည်လေးတွေကို ဖျက်ပေးရုံလေးပါ.။ ဒီနည်းပညာလေးက ကျုပ် 2010 ခုနှစ်က 

ကိုယ့်ကွန်ပျူမှာ ကလိလို့ဖြစ်သွားတာ သီချင်းဖိုင်တွေ dat ဖိုင်တွေကို နာမည်ပြောင်းတော့.dat ဆိုတာလေး   ရောပါ ဖျက်လိုက်မိလို့ တိုင်ပတ်ခဲ့တဲ့ နည်းပညာလေးပေါ့.။ ခုတော့ မသိသေးတဲ့ ကိုယ့်မိတ်ဆွေများအတွက်
ပို့စ်တစ်ခုအနေနဲ့ ဖြစ်ပေါ်လာအောင် ရေးလိုက်ပါတယ်.။ တစ်ကယ့်ပညာက မလာသေးဘူးနော်.ခုပြောနေ တာတွေက ကျုပ်ဆရာပြောတဲ့ ဘက်ကရောင်း နောလစ် (နောက်ကွယ်က သိသင့်သိထိုက်တဲ့အချက်)   လေးတွေပေါ့။ နောလစ်ရှိမှဗျာ သို့မဟုတ်ရင် မကောင်းဘူး။ အဒီတော့အခြေခံလေးတွေ ပြောပြပေးတာကို
လေရှည်တယ်ရယ်လို့ မမြင်ပါနဲ့ ပြောပြချင်တဲ့အခါမို့ပါ သို့မဟုတ်လျှင် မိတ်ဆွေများ သိတဲ့အတိုင်းဘဲ တိုတိုတုတ်တုတ်မဟုတ် အလယ်အလတ်ပေါ့.။

ကဲ ခုနပြောခဲ့တဲ့ နည်းပညာလေးက ခုမှ စပါပြီး MyComputer ကိုနှစ်ချက်တောက်ဖွင့်ပါ.ဘယ်ကဖွင့်ဖွင့် အဓိကတော့ ပွင့်လာဖို့ရေးကြီးတယ်.ပွင့်လာပြီဆိုလို့ရှိရင် folder optionကိုသွားမယ်.သွားမယ်ဆိုမှ ဘယ်ကသွားရမှန်းမသိသေးရင် ဘယ်ဘက်ခြမ်းက Organize>>floder and search options ကိုနှိပ်ပါ ။
ပေါ်လာတဲ့ဘောက်လေးမှာ View ကိုနှိပ်ပါ ဖိုင် hidden show ပြုလုပ်တာ နှစ်ခုရဲ့အောက်ကတစ်ကြောင်း   ကျော်က ( Hide empty drives in the Computer folder) ရဲ့အောက်က ခုရေးပြတဲ့အကြောင်းလေးမှာ Hide extensions for known file types ဆိုတာလေးကို အမှန်ခြစ်ဖြုတ်လိုက်ရင် ကွန်ပျူတာထဲမှာ ရှိတဲ့ သီချင်းတွေ ဘာဘာညာညာတွေ .mp3 .mp4 .avi .jpg .pdf .flv .rar .zip .exe ဆိုတာလေးတွေ မြင်တွေ့ရပါလိမ့်မယ် ။ ကဲနာမည်ပြောင်းကြည့်မယ်.။ ဥပမာ mp3 ဖိုင်ဆိုလို့ရှိရင်( ဇော်ဝင်းထွဋ်.mp3 Myogyi.mp3) ဆိုပြီးမြင်ရ မယ် ဇော်ဝင်းထွဋ်နောက်က .mp3 ဆိုတဲ့ စာသားလေးကို ဖျက်လိုက်ရင် ကွန်ပျူတာက အမျိုးအမည်မသိတဲ့ ဖိုင်လေးဖြစ်သွားပါပြီ.။ ဒီလိုဖြစ်သွားရင် ဘယ် Player နဲ့ဖွင့်ဖွင့် ခုနနာမည်ပြောင်းထားတဲ့ဖိုင်ဟာ
ဘယ်တော့မှ မပွင့်တော့ဘူး အသံမမည်တော့ဘူး သီချင်းမဟုတ်တော့သလိုဖြစ်နေပြီ.။ တစ်ကယ်လို့ mp3 ဖြစ်ချင်တယ်ဆိုလို့ရှိရင် နာမည်နောက်မှာ .mp3 ဆိုတာလေးထည့်ပေးပါ.။ ဒီနည်းကို အတုယူပြီး အခြားသော avi mp4 flv rar zip စသဖြင့်ဖိုင်တွေကိုလည်း ဒီနည်းအတိုင်းပြုလုပ်ပါလေ။ mp4 ဆိုရင်လည်း .mp4 ဖျက် .mp4 လို့ပြန်ရိုက်ထည့်ပါ.ဒါမှ ပြန်ဖွင့်ကြည့်လို့ရမည်။ .mp4 ဖိုင်တစ်ခုကို .mp3 ပြောင်းလို့ မရပါ အသံမည်မှာ မဟုတ်ပါဘူး.ဒီလောက်ဆို သိလောက်ရောပေါ့ ကဲမရှင်းရင် ပုံလေးတွေနဲ့ ပြမယ်.။

ဒါကတော့ floder option ကိုသွားတဲ့ပုံပါ ။ Contorl Panel က သွားရင်လည်း ရတယ် ကြိုက်သလိုသွား..။
ဘာဖြုတ်ရမယ်ဆိုတာ မြှားလေး ပြထားတယ်နော် မိတ်ဆွေ..။
ဒါကတော့ Hide extensions for known file types ဆိုတဲ့ အမှန်ခြစ်လေး ဖြုတ်လိုက်လို့ မျိုးကြီးနောက်မှာ .mp3 ဆိုတာလေး မြင်တယ်မဟုတ်လား အဲဒါလေးပေါ်အောင်လုပ်တာ..။
ဖိုင်အားလုံးကို တစ်ပြိုင်နက်တော့ ပြုလုပ်မရပါ။ တစ်ခုချင်းသာ ပြုလုပ်ရမှာ ဖြစ်ပါတယ် ။
ဒါကတော့ mp3 ဆိုတာလေးကို ဖျက်မယ်လို့ ပြုလုပ်နေစဉ် ပုံလေးပေါ့ကွယ်.။ အဆင်ပြေလား
ကဲဗျာ ဒီပုံလေးကတော့ .mp3 သို့မဟုတ် mp3 ဆိုတာလေးကို ဖျက်လိုက်ရင် မြင်ရမယ့်ပုံ။ နောက်ကပုံက
တော့ ပြန်ပြီး mp3 ဖိုင် ပြန်ဖြစ်အောင် ပြုလုပ်လိုရင် .mp3 သို့မဟုတ် ကိုယ်ဖျက်ခဲ့တဲ့အတိုင်း ပြန်ရေးပေးရ
မယ် .mp3 လေးခုကို ဖျက်ခဲ့တယ်ဆိုရင် .mp3 လို့ ပြန်ရေးပေးပါ.။ mp3 သာ ဖျက်ခဲ့တယ်ဆိုရင် mp3 ဆိုတာ
လေးတာ ပြန်ထည့်ပေးရုံပါနော်.။
ကဲခုပုံကတော့ .mp3 သို့မဟုတ် mp3 ဆိုတာလေး ပြန်ထည့်လိုက်လို့ ဖြစ်ပေါ်လာတဲ့ပုံ ဆိုပါတော့လေ..။
မှတ်ချက်.။
.mp3 ကို .အစက်အပြောက်လေးမဖျက်ဘဲ mp3 တင်ဖျက်ရင်လည်းဖြစ်တယ်.။ ကိုမောင်ပေါက်လုပ်ထားတာ
က rar ဖိုင်ပြုလုပ်ပြီး. .rar ကို rar ကိုသာ ဖျက်ထားသည်ဟုမှတ်ပါ.။ ကဲ ဒီလောက်ဆိုရင်တော့ ရေးရကျိုး
နပ်ပြီ သိလောက်ပြီနော်..။ အလွယ်ဆုံးကတော့ mp3 ဆိုတာလေးကို ဖျက်လိုက်ရင် ဒါမျိုးဖြစ်တာဘဲ ဆိုတာလေးနဲ့ floder option က Hide extensions for known file types ဒါလေးဖြုတ်ပေးရုံပါ အသုံးမပြုလိုတော့
ရင် ဒီ Hide extensions for known file types ဆိုတာလေး အမှန်ပြန်ခြစ်ထားပါ ။ သို့မဟုတ် သင်သဘောရှိသ
လို အသုံးပြုပါ..။
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...
အားလုံးအတွက် တတ်သမျှ မှတ်သမျှ ကြိုးစားတင်ဆက်ရင်း....

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ