Ads 468x60px

Pages

Thursday, June 20, 2013

Window 7 မှာ ၀င်းဒိုးတွေ ထပ်နေတဲ့ ပြဿနာ ဘယ်လိုရှင်းမလဲ

ကျွန်တော်တို့ Windows 7 သုံးတဲ့ သူငယ်ချင်း အတော်များများ ကြုံခဲ့ရတဲ့ နည်းလေးပါ။ အကြောင်းကတော့ Windows တင်ခဲ့စဉ်မှာ မှုလ တင်ခဲ့ပြီးသာ Windows ကို Delete လုပ် ပြီ Format မရိုက်ခဲ့လို့ ကြုံရတဲ့ ပြဿနာဖြစ်ပါတယ်။ ကြုံရတာက မိမိ C partition ထဲမှာ Windows folder တွေ မိမိ အကြိမ်တင်ရင် တင်ခဲ့သလောက် Windows တွေ ထပ်နေတက်ပါတယ်။ အကြောင်းက အပေါ်မှာ ပြောခဲ့သလို Windows တင်တဲ့ အချိန်မှာ မှုလ Windows ကို Format မရိုက်ခဲ့လို ဖြစ်ပါတယ်။ ဒါကြောင့် Harddisk ထဲမှာ မလိုအပ်ဘဲ နေရာတွေ ပြည့်နေပြီ မိမိက ဘာမှ အများကြီး သုံးပြီးသာ ဖြစ်နေတက်ပါတယ်။ အကြိမ်ရေ နည်းတဲ့ အခါမှာ ပြဿနာ မဟုတ်ပေမဲ့ အကြိမ်ရေး များလာတဲ့ အခါမှာ ပြဿနာ တက်လာတက်ပါတယ်။ ဘယ်လို ဖြစ်ရတာလဲဆိုတော့ ကျွှန်တော်တို့ Window 7 မှာ computer ဖွင့်လိုက်တဲ့အခါ window start up လုပ်နေစဉ် အတွင်းမှာ မိမိဘယ် Window နဲ့ boot တက်မလဲ ဆိုတာကို ရွေးချယ်ပေးရတဲ့ Boot option အပိုင်းရှိပါတယ်။ Window တခုတည်း ဆိုရင်တော့ သူကအချိန် အနည်းငယ်ပဲ ပေါ်လာပီး မိမိတင်ထားတဲ့ Window 7 အတိုင်းဆက် အလုပ်လုပ်ပါတယ်။ တကယ်လို့ ကိုယ်ကအရင်က Window XP တင်ခဲ့ပြီး Window 7 ပြောင်းသုံးတဲ့အခါ အရင်Window Xp ကို Format မရိုက်မိဘဲ Window ဆက်တင်မိတဲ့ အခါမျိုးမှာဆိုရင် Boot တက်တဲ့အခါ Window Version နှစ်ခုထဲက တစ်ခုခုကို ရွေးပေးဖို့ Boot option လုပ်နေစဉ်မှာ ပေါ်လာတတ်ပါတယ်။ အခုနပြောသလို အခြေအနေမျိုးမှာ စက်ဖွင့်တဲ့အခါတိုင်း ကိုယ်ကရွေးပေးနေရပါတယ်။ မရွေးပေးဘဲ သူ့ဘာသာ Boot တက်ရင်တော့ နောက်ဆုံးတင်ထားတဲ့ Window 7 အတိုင်းပဲ အလုပ်ဆက်လုပ်ပါတယ်။ ဒါပေမယ့် ကျွှန်တော်တို့ အဲ့ဒီအရင်က Window ( Xp ဒါမှမဟုတ် Vista တခုခုပေါ့ ) လက်ရှိသုံးနေတဲ့ Window 7 မတင်ခင် အရင် Window တခုခုကို Earlier Version Of Window လို့ခေါ်ပါတယ်။ အယ့်ဒီ Earlier Version အပိုင်းကြီးကို Boot တက်တဲ့အခါ မမြင်ရအောင် Remove လုပ်ပစ်ထားလိုက်ရင် နောက်ဆို ရွေးပေးစရာ မလိုတော့ပါဘူး။ စက်ဖွင့်လိုက်တိုင်း သူ့ဘာသာ မြန်မြန်ဆန်ဆန်ပ Window7 တက်လာပါလိမ့်မယ်။ကျွှန်တော်တို့ ပြောနေတာအရမ်း များသွားပီ။ ကျွန်တော်တို့ အလွယ်မြင်အောင် အောက်က ပုံကိုကြည့်လိုက်ပါ။ အောက်မှာတော့ Windows က နှစ်ခုသာ ပြထားပါတယ်။ ဒီထပ်ပိုနေတဲ့ စက်တွေကို တွေ့ခဲ့ဘူးပါတယ်။ အောက်မှာ ရှင်းတဲ့ နည်းကို ကျွန်တော် အသေးစိတ်တင်ပြပေးထားပါတယ်။ အောက်က ပုံကို အရင်ကြည့်ကြည့်ပါ။



လုပ်နည်း
1. Command Prompt လို့ခေါ်တဲ့ Cmd ကို Run as administrator နဲ့အရင် ဖွင့်လိုက်ပါ။ ရိုးရိုးအတိုင်း Wndkey+R လို့ရိုက်ပီး ပေါ်လာတဲ့ Run Box မှာ cmd လို့ရိုက်ထည့်ပီး ဖွင့်ပီးပေါ်လာတဲ့ cmd မှာဆို အလုပ်မလုပ်ပါဘူး။ ဒါကြောင့် ခုနပြောသလိုပဲ Run as administrator နဲ့ပဲ ဖွင့်လိုက်ပါ။



2.ပေါ်လာတဲ့ Cmd Box မှာ bcdedit လို့ရိုက်လိုက်ပါ။ ကျလာတဲ့ဘောက်ထဲမှာ windows Legacy os Loader ကို တွေ့ရပါလိမ့်မည်။

3.နောက်ဆုံးအနေနဲ့ ကျွှန်တော်တို့က မလိုအပ်တဲ့ အပိုင်းဖြစ်တဲ့ Windows Lagacy OS loader အပိုင်းကို Delete လုပ်ပေးရပါမယ်။ Command Prompt မှာ bcdedit /delete {ntldr} /f လို့ ရိုးရိုးလေး ရိုက်ပေးပီး Enter ရိုက်ပေးလိုက်ပါ။ အားလုံး အဆင်ပြေသွားပါပီ။

Wednesday, October 27, 2010

Windows ရဲ့ မှုလ Language ကို မိမိကြိုက်ရာ Language ပြောင်းနည်း။

ကျတော်အခု တင်ပြမယ့် နည်းလေးကတော့ ကျတော့်သူငယ်ချင်း တယောက် ပြောပြလို့ သိရတဲ့နည်းလေးပါ။ အားလုံးသိရအောင် ဝေမျှ ပေးလိုက်ပါတယ်။ လိုအပ်မယ်ဆိုရင် အသုံးပြူလို့ ရအောင်လို့ပါ။ ကျွန်တော်တို့ Laptop ၀ယ်တဲ့ အခါမှာ အများအားဖြင့် မိမိတို့ အင်္ဂလိပ် ဘာသာနဲ့ Windows ကို အသုံးပြုများကျပါတယ်။ ဒါပေမဲ့ မိမိ သေချာ မတက်ကျွမ်းတဲ့ ရုရှားလို နိုင်ငံများမှ သူငယ်ချင်းများအနေနဲ့ မိမိတို့ laptop များ ၀ယ်တဲ့ အခါမှာ Russia ဘာသာနဲ့ windows ကို English Language ပြန်ပြောင်းတဲ့ အခါမှာ Windows ပြန်ချစရာ မလိုဘဲ မှုလ ရုရှား Windows မှာဘဲ တစ်ခါတည် Language ပြောင်းပြီး ချက်ချင် အသုံးပြုလို့ရပါတယ်။ ကျတော်တို့ Window 7 သုံးတဲ့အခါ Window ရဲ့ System ပိုင်းတွေမှာ မိမိပေါ်ချင်တဲ့ ဘာသာစကားနဲ့ ပေါ်အောင် လုပ်လို့ရပါတယ်။ ဒီအတွက်ကို Window 7 ရဲ့ ထုံးစံအတိုင်းပဲ အင်တာနက်ချိတ် ထားတာနဲ့ Window ကနေတစ်ခါတည်း ဒေါင်းလုပ်ချပီး ပြောင်းလိုက်လို့ရပါတယ်။ ကျတော်တို့ Registry ကနေ၀င်ပီး ပြောင်းရေးတာမျိုးလည်း လုပ်လို့ရပါတယ်။ဒါပေမယ့် သူကတခုချင်း လိုက်ပြောင်းပေးရပါတယ်။ အခုက အကုန်လုံးတခါတည်း ပြောင်းပေးပြီးသား ဖြစ်သွားအောင် လုပ်ပေးပါတယ်။ အခုက Microsoft မှာ ကျတော်တို့ ဘာသာစကားကို မှတ်ပုံမတင်ရသေးလို့ပါ။ နောက်တချိန်မှာ မှတ်ပုံတင်ပေးလာခဲ့ရင် Window ကို မြန်မာလို အလွယ်တကူ သုံးလို့ရနိုင်ပါတယ်။ အခု ဒီနည်းလေးကို လုပ်ကြည့်လိုက်ရအောင်…
1. Win key+R (Rum) ကနေ Window update ကိုသွားလိုက်ပါ။ Start >> Control Pannel >> Window Update သွားလိုက်ပါ။


1. 2.Updates are available for computer အပိုင်းကနေ optional update အပိုင်းကို သွားလိုက်ပါ။


3.Window 7 Language Pack အပိုင်းကို ရောက်သွားပါလိမ့်မယ်။ မိမိလိုချင်တဲ့ Language ကို Click လေးပေးပြီး OK ပေးလိုက်ပါ။ အလိုလျောက် Download ချပေးပီး စက်ထဲမှာ တခါတည်း ထည့်ပေးထားပါလိမ့်မယ်။ ကျတော် ဥပမာအနေနဲ့ တရုတ်ဘာသာကို နမှုနာ ပြထားပါတယ်။


4.အထက်မှာ ကျတော်တို့လုပ်ခဲ့တဲ့အပိုင်း တွေကဆိုရင် LANGUAGE ကို Install လုပ်တဲ့အပိုင်း ပဲရှိပါသေးတယ်။ စက်ထဲမှာ မပေါ်သေးပါဘူး။ နောက်တဆင့် အနေနဲ့ မိမိစက်မှာ ပေါ်လာအောင် Start >> Control Pannel >> Clock,Language and Region အပိုင်းကို သွားရပါမယ်။ Language and Region အပိုင်းကို ရောက်တာနဲ့ Change Display Language ထဲကို ၀င်လိုက်ပါ။

5.Region and Language >> Keyboards and Languages >> Choose a Display Language >> Apply >> OK လုပ်ပေးလိုက်ပါ။

1. 6.နောက်ဆုံးအဆင့် အနေနဲ့ computer ကို Logoff ပေးလိုက်ပါ။ ပြီးရင် Logon ပြန်ဝင်လိုက်ပါ။ ဒါမှမိမိ လုပ်ဆောင်ချက်က အသက်ဝင်ပီး စတင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ အားလုံးပဲအဆင် ပြေမယ်လို့ မျှော်လင့်ပါတယ်။

0 comments:

Post a Comment

သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...

Up To Date မြန်မာသတင်းများ