Ads 468x60px
Pages
Thursday, June 6, 2013
တစ်ခြားကွန်ပျူတာမှာသုံးနေတဲ့ပရိုဂရမ်ကိုပိတ်ချင်ရင်...
ကျွန်တော်တို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုတဲ့အခါ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk နားညီးတယ် အမြင်ကတ်တယ် စိတ်ဒုက္ခရောက်တယ် ဆိုရင် ဒီလိုလေးစမ်းပိတ်ကြည့်မယ်ဗျာ
၁။ ပထမဆုံး Command Prompt (cmd) ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd ရိုက်ပြီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာ name ကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ်။ ကျွန်တော် ဆိုင်လည်းတူတူထားပါတယ် ။ net view ကိုရိုက်ထည့်လိုက်ပါ။ လှမ်းထိန်းလို့ရတဲ့
ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ်
ဥပမာ ( computername) eg- akari2 ပေါ့ နံပါတ် 2 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့အောက်က ဥပမာကိုကြည့်ပါ
1 . cmd
2 . net view
3. tasklist/s akari2
4. taskkill/s computer akari2/im googel.exe
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...
Up To Date မြန်မာသတင်းများ