ဒါလေး သိတာသိပ်မကြာသေးဘူးဗျာ ကိုယ်လည်း ကွန်ပျူတာ သုံးနေတာ ကြာပြီ Zawgyi
font နဲ့ရေးထားတဲ့ စာလေးတွေက အတုံးလေးတွေ ဖြစ်သွားရင် မလုပ်တတ်တော့ဘူး
ဖြုတ်တတ်စနစ်ကိုဘဲ ကျင့်သုံးလာတာ ကြာရောပေါ့ ဟိုအရင် နှစ်လလောက်ကမှ
အင်တာနက်မှာ ကွန်မန့်ပေးထားတာလေး လိုက်ဖတ်တော့မှ သြော် ငါ့အတွက်
ပညာတစ်ကွက်ရတာဘဲဆိုပြီး မှတ်ထားတာလေး ပြန်မျှလိုက်တာပါ..မသိသေးရင်တော့
မှတ်သွားပေါ့..။ ကဲစလိုက်ရင် ကွန်ပျူတာ Desktop မျက်နှာပြင်မှာဘဲ Right
Click>> Personalize >>Windows Color >> Advanced
appearance Settings...>> ကိုနှိပ်ပြီးရင် Item: အောက်မှာ Icon
ဆိုတာကိုရွေး နောက်ပြီး သူ့အောက်က Font နေရာမှာ Zawgyi -One
ရွေးပေးလိုက်ပါ..။ ကဲဒါဆိုရင် ကွန်ပျူတာအတွင်းမှာ မှတ်ထား တဲ့ စာလေးတွေ
သီချင်းလေးတွေကို ဒါမျိုးကြီး သီချင်းဘဲ ဒါစိုင်းဆီးဆိုင် သီချင်းဘဲ
စသဖြင့်ပေါ့ဗျာ..။ မြန်မာ လိုရေးထားတဲ့ စာလေးတွေကို မြင်နိုင်ပါပြီ..။
Backgroung ချိန်းတိုင်း ပြောင်းတိုင်း ဒီနည်းလေးနဲ့ လုပ်ပေးပါ.။
အဆင်ပြေပါလိမ့်မယ်..။ အောက်မှာ ပုံလေးတွေ ထည့်ပေးလိုက်တယ် မလုပ်တတ်မှာ
စိုးလို့..။
မူရင်း





Myanmar Kyat Converter
0 comments:
Post a Comment
သင့်ထံမှတုံ့ပြန်လာမည့်စကားများကိုမျှော်လင့်ပါ၏...